ဟဒီးဆ်တော်များစာရင်း

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနဲ့ မကောင်းမှုများကို ရေးမှတ်တော်မူခဲ့တယ်။ ထို့နောက် ယင်းအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသေးစိတ်ရှင်းပြတော်မူခဲ့သည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ -
عربي الإنجليزية الأوردية
အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏
عربي الإنجليزية الأوردية
လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။
عربي الإنجليزية الأوردية
အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။
عربي الإنجليزية الأوردية
လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။
عربي الإنجليزية الأوردية
“မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။
عربي الإنجليزية الأوردية
ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
عربي الإنجليزية الأوردية
လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
عربي الإنجليزية الأوردية
(အို အရှဂ်ျ ) "ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ သည်းခံခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ်သိမ်မွေ့ခြင်း (အလျင်စလို မလုပ်ခြင်း) တို့ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသော် ကောင်းကင်တမန်ဂျီဗ်ရီလ်ကို ခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်‌တော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား ချစ်ခင်နှစ်သက်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်လေ၏
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الإسبانية