عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«أَحَبُّ الْبِلَادِ إِلَى اللهِ مَسَاجِدُهَا، وَأَبْغَضُ الْبِلَادِ إِلَى اللهِ أَسْوَاقُهَا».
[صحيح] - [رواه مسلم] - [صحيح مسلم: 671]
المزيــد ...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 671]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်သည်။ အကြောင်းမှာ ဗလီများသည် ကောင်းမှုကုသိုလ်ပြုရာနေရာ၊ သက္ကဝါတရားပေါ် အခြေခံတည် ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။