عَن أُمِّ الدَّرْدَاءِ وَ أَبِي الدَّرداءِ رَضيَ اللهُ عنهما أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ:
«دَعْوَةُ الْمَرْءِ الْمُسْلِمِ لِأَخِيهِ بِظَهْرِ الْغَيْبِ مُسْتَجَابَةٌ، عِنْدَ رَأْسِهِ مَلَكٌ مُوَكَّلٌ كُلَّمَا دَعَا لِأَخِيهِ بِخَيْرٍ، قَالَ الْمَلَكُ الْمُوَكَّلُ بِهِ: آمِينَ وَلَكَ بِمِثْلٍ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2733]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အွမ်မုဒရ်ဒါအ်နှင့် အဘူဒရ်ဒါအ် ( ရဿွိယလ္လာဟုအန်ဟုမာ ) တို့က ဆင့်ပြန်ခဲ့သည်။ ရစူလုလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူခဲ့သည်မှာ-
မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် မွတ်စ်လင်မ် အတွက် မျက်ကွယ်မှပြုလုပ်ပေးသော ဒိုအာသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) လက်ခံခြင်းခံရသည်။ ထိုသူ၏ ခေါင်းပေါ်တွင် တာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်တစ်ပါး ရှိနေသည်။ ထိုသူသည် မိမိညီနောင်အတွက် ကောင်းသည့် ဒိုအာပြုလုပ်သည့်အခါတိုင်း ထိုတာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်က "အာမီးန်" ဟုပြောဆိုပြီး ‘သင့်အတွက်လည်း အလားတူပင် ဖြစ်ပါစေ’ ဟု ဒုအာပြုပေး‌လေသည်။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2733]

ရှင်းလင်းချက်

တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြား‌ တော်မူခဲ့သည်မှာ - မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် ညီ‌နောင်တစ်ဦးအတွက် ထိုသူ၏ မျက်ကွယ်၌ ပြုလုပ် ပေးသော ဒိုအာသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လက်ခံတော်မူခြင်းခံရသည်။ အဘယ် ကြောင့်ဆိုသော် ၎င်းသည် အိခ်လားစ်အားဖြင့်အလွန်ပြည့်စုံသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒုအာပြုလုပ်ပေးသူ၏ ခေါင်းပေါ်တွင် တာဝန်ပေးအပ်ထားသော မလာအိကဟ်တစ်ပါး ရှိနေပြီး၊ ၎င်းသည် မိမိ၏ညီနောင်အတွက် ကောင်းသည့် ဒိုအာပြုလုပ်သည့်အခါတိုင်း ထိုမလာအိကဟ်က “အာမီးန်” ဟု ပြောဆိုကာ “သင့်အတွက်လည်း အသင်တောင်းခဲ့သလို အလားတူပင် ဖြစ်ပါစေ” ဟု ဒုအာပြုပေးလေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မုအ်မင်န်ယုံကြည်သူများသည် အချင်းချင်းကောင်းမွန်စွာဆက်ဆံရန် တိုက်တွန်းထားခြင်း။ အနိမ့်ဆုံးအဆင့် မိမိညီနောင်အတွက် ဒုအာပြုလုပ်ပေးခြင်းဖြင့် ကောင်းမွန်စွာဆက်ဆံရန် တိုက်တွန်းထားခြင်း။
  2. မျက်ကွယ်တွင် ( မိမိညီနောင်အတွက် )ဒုအာပြုလုပ်ပေးခြင်းသည် စစ်မှန်သော အီမာန်ယုံကြည်ခြင်းနှင့် ညီနောင်စိတ်ဓာတ်၏ ထင်ရှားသော သက်သေပင် ဖြစ်သည်။
  3. မျက်ကွယ်မှ ဒုအာပြုပေးခြင်း ဟု သတ်မှတ်ထားခြင်းမှာ ထိုသို့ ဒုအာပြု‌ေပးခြင်းသည် စိတ်ရင်းစင်ကြယ်မှု နှင့် စိတ်အာရုံစူးစိုက်မှု ပိုမိုပြည့်စုံစေသောကြောင့် ဖြစ်သည်။
  4. မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အတွက် ၎င်း၏ မျက်ကွယ်တွင် ဒုအာပြုလုပ်ပေးခြင်းသည် တောင်းဆုဒုအာများ လက်ခံခြင်းခံရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
  5. အိမာမ် နဝဝီက မိန့်ဆိုထားသည်မှာ -
  6. "မွတ်စ်လင်မ်ညီနောင်အတွက် မျက်ကွယ်တွင် ဒုအာပြုလုပ်ပေးခြင်း၏ အကျိုးကျေးဇူးထွတ်မြတ်မှုသည် ကြီးမားလှပါသည်။ အကယ်၍ မွတ်စ်လင်မ် အုပ်စုတစ်စုအတွက် ဒုအာပြုပေးလျှင်လည်း ဤအကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။ ထို့အတူ မွတ်စ်လင်မ် အားလုံးအတွက် ဒုအာပြုလုပ်ပေးလျှင်လည်း ဤဖဿွီလသ်အကျိုးကျေးဇူးကို ရရှိမည်ဟု ယူဆရပါသည်။ စလဖ် (ရှေးပညာရှိသူတော်စင်များ)အချို့သည် မိမိကိုယ်တိုင်အတွက် ဒုအာပြုလိုသည့်အခါ မိမိ၏ မွတ်စ်လင်မ်ညီနောင်အတွက်လည်း ထိုဒုအာကိုပြုပေးလေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒုအာသည် လက်ခံခြင်းခံရပြီး ဒုအာပြုပေးသူအတွက်လည်း အလားတူအကျိုးဆုလာဒ်ကို ရရှိသောကြောင့်ပင် ဖြစ်သည်။"
  7. မလာအိကဟ်ကောင်းကင်တမန်များ၏ အချို့ အလုပ်တာဝန်များကို ရှင်းလင်းဖော်ပြခြင်း။ ၎င်းတို့ထဲမှ အချို့ကို ဤသို့သော အလုပ်အတွက် အလ္လာဟ်အရှင်မြတ်က တာဝန်ပေးအပ်ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (36)
ထပ်၍