عَنْ عَبْدِ اللَّهِ بْنِ مَالِكٍ ابْنِ بُحَيْنَةَ رضي الله عنه:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا صَلَّى فَرَّجَ بَيْنَ يَدَيْهِ حَتَّى يَبْدُوَ بَيَاضُ إِبْطَيْهِ.
[صحيح] - [متفق عليه] - [صحيح البخاري: 390]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မာလိက်ဗင်န် ဗုဟိုင်းနဟ်ဟ် (ရဿွိရလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 390]
တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စဂ်ျဒဟ်ဦးချသည့်အခါ မိမိ၏ လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထားတော်မူသည်။ ကိုယ်တော်သည် လက်နှစ်ဖက်ကို အတောင်ပံနှစ်ခုပမာ ခန္ဓာကိုယ်နံဘေးမှ ခွာထားတော်မူရာ ဖြူဖွေးသည့် ချိုင်းနှစ်ဖက်ပါ ပေါ်လွင်နေသည်။ ဤသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှ အလွန်ကွာဝေးစွားထားကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ဤသည် လက်မောင်းနှစ်ဘက်ကို ကိုယ်ခန္ဓာ ဘေးနှစ်ဘက်နှင့် ဝေးကွာအောင်ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ပုံကြီးချဲ့ထားသော ပုံစံတစ်မျိုးပင်ဖြစ်သည်။