عَنْ عَائِشَةَ أُمِّ المُؤمنينَ رضي الله عنها قَالَتْ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُعْجِبُهُ التَّيَمُّنُ، فِي تَنَعُّلِهِ، وَتَرَجُّلِهِ، وَطُهُورِهِ، وَفِي شَأْنِهِ كُلِّهِ.
[صحيح] - [متفق عليه] - [صحيح البخاري: 168]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း
မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 168]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂုဏ်ပေးလေးစားထိုက်သော အရာများတွင် ညာဘက်မှ စတင်ခြင်းကို နှစ်သက်ပြီး၊ ဦးစားပေးတော်မူသည်။ ထိုအရာများအနက်အချို့မှာ - ဖိနပ်စီးရာတွင် ညာခြေဖြင့် စတင်စီးခြင်း။ · ဆံပင်နှင့် မုတ်ဆိတ်မွေးကို ဖြီးခြင်း၊ ဖြောင့်အောင်ပြုခြင်း၊ ဆီလိမ်းခြင်း တို့တွင် ညာဘက်မှ စတင်ခြင်း။ · ဝူဿွူပြုလုပ်ရာတွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဘယ်ဘက်ထက် ညာဘက်ကို အရင်ဆေးကြောခြင်း တို့ဖြစ်သည်။