عَنْ أَبِي بَكْرٍ الصِّدِّيقَ رَضيَ اللهُ عنه قَالَ:
نَظَرْتُ إِلَى أَقْدَامِ الْمُشْرِكِينَ عَلَى رُءُوسِنَا وَنَحْنُ فِي الْغَارِ، فَقُلْتُ: يَا رَسُولَ اللهِ لَوْ أَنَّ أَحَدَهُمْ نَظَرَ إِلَى قَدَمَيْهِ أَبْصَرَنَا تَحْتَ قَدَمَيْهِ، فَقَالَ: «يَا أَبَا بَكْرٍ، مَا ظَنُّكَ بِاثْنَيْنِ اللهُ ثَالِثُهُمَا».
المزيد
အဘူဗကရ် စွိဒ်ဒီးက် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည်( ဆောင်ရ် )လိုဏ်ဂူအတွင်း၌ရှိစဉ် မုရှ်ရိက်များ၏
ခြေထောက်များကို ကျွန်ုပ်တို့၏ဦးခေါင်းများအပေါ်၌ မြင်တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်တော်မျိုးတို့အား သူတို့၏ခြေရင်း၌ (ရှိနေသည်ကို )တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က ဤသို့မိန့်ကြားတော်မူသည်-
"အို-အဘူဘကရ်၊ ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။ အလ္လာဟ်အရှင်မြတ်သည် ( ၎င်းတို့နှစ်ဦးနှင့်အတူ ) တတိယမြောက်အဖြစ် ရှိတော်မူ၏။