عَنْ أَبِي بَكْرٍ الصِّدِّيقَ رَضيَ اللهُ عنه قَالَ:
نَظَرْتُ إِلَى أَقْدَامِ الْمُشْرِكِينَ عَلَى رُءُوسِنَا وَنَحْنُ فِي الْغَارِ، فَقُلْتُ: يَا رَسُولَ اللهِ لَوْ أَنَّ أَحَدَهُمْ نَظَرَ إِلَى قَدَمَيْهِ أَبْصَرَنَا تَحْتَ قَدَمَيْهِ، فَقَالَ: «يَا أَبَا بَكْرٍ، مَا ظَنُّكَ بِاثْنَيْنِ اللهُ ثَالِثُهُمَا».

[صحيح] - [متفق عليه] - [صحيح مسلم: 2381]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူဗကရ် စွိဒ်ဒီးက် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည်( ဆောင်ရ် )လိုဏ်ဂူအတွင်း၌ရှိစဉ် မုရှ်ရိက်များ၏ ခြေထောက်များကို ကျွန်ုပ်တို့၏ဦးခေါင်းများအပေါ်၌ မြင်တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်တော်မျိုးတို့အား သူတို့၏ခြေရင်း၌ (ရှိနေသည်ကို )တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က ဤသို့မိန့်ကြားတော်မူသည်- "အို-အဘူဘကရ်၊ ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။ အလ္လာဟ်အရှင်မြတ်သည် ( ၎င်းတို့နှစ်ဦးနှင့်အတူ ) တတိယ‌မြောက်အဖြစ် ရှိတော်မူ၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2381]

ရှင်းလင်းချက်

မုအ်မင်န်တို့၏ ခေါင်းဆောင် အဘူဘကရ် စွစ်ဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု)က ဟိဂျ်ရသ်ပြုချိန်၌ ပြော ကြားခဲ့သည်မှာ- ကျွန်ုပ်သည် မုရှ်ရိက်များ၏ခြေထောက်များကို မြင်တွေ့ခဲ့ရသည်။ သူတို့သည် ဆောင်ရ်လိုဏ်ဂူ၏အပေါ်တွင် ကျွန်ုပ်တို့၏ခေါင်းများအပေါ်၌ ရပ်လျှက်ရှိနေကြပြီး ကျွန်ုပ်တို့သည် လိုဏ်ဂူအတွင်း၌ ရှိနေကြသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်ုပ်တို့အား သူတို့၏ခြေရင်း၌ တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က "အို- အဘူဘကရ်၊ အလ္လာဟ်အရှင်မြတ်သည် တတိယမြောက်အဖြစ်ရှိတော်မူပြီးအောင်နိုင်မှု၊ ကူညီစောင်မမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် လမ်းညွှန်တည့်မှတ်ပေးသနားတော်မူမည်ဖြစ်သော ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဘူဘကရ် စွစ်ဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု )၏ မွန်မြတ်မှုအဆင့်အတန်းမှာ ၎င်းသည် တမန်တော်မြတ် ﷺ နှင့်အတူ ဟိဂျ်ရတ်ပြုခြင်း၌ ပါဝင်ခဲ့ပြီး မိသားစုနှင့် ပစ္စည်းဥစ္စာများကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
  2. တမန်တော်မြတ် ﷺ အပေါ်ထားရှိသော အဘူဘကရ် စွစ်ဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု)၏ ကြင်နာမှု၊ ချစ်ခြင်းမေတ္တာနှင့် တမန်တော်မြတ် ﷺ အပေါ် ရန်သူများ အန္တရာယ်ပေးမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်းတို့ဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်အား စိတ်ချယုံကြည်ရန် လိုအပ်ခြင်း၊ ကြိုတင်ကာကွယ်မှုများ ပြုပြီးနောက် အရှင့်စောင့်ရှောက်မှုနှင့် ကြီးကြပ်မှုကို စိတ်ချလက်ချ အားထားရန်။
  4. အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်များနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူများအား ကူညီ‌စောင်မတော်မူခြင်းဖြင့် စောင့်ရှောက်အုပ်ထိန်း ကြီးကြပ်တော်မူခြင်း၊ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည် - " အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ တမန်တော်များနှင့်၊ အီမာန် ယုံကြည်သူများအား လောကီဘဝနှင့် သက်သေများ ရပ်ကြမည့် (ကိယာမသ်) နေ့တွင် ကူညီစောင်မတော်မူမည် ဖြစ်သည်။" (စူရဟ် မုအ်မင်န်၊ ၅၁)
  5. မည်သူမဆိုအလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားပါက အရှင်မြတ်သည် ထိုသူအတွက် လုံလောက်စေတော်မူမည်၊ အောင်နိုင်မှုပေးသနားတော်မူမည်၊ ကူညီစောင်မတော်မူမည်၊ စောင့်ရှောက်ကာကွယ်ပေးတော်မူ
  6. မည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ချက်။
  7. တမန်တော်မြတ် ﷺရဲ့ မိမိ၏ ရဗ်အရှင်သခင်အပေါ် ပြည့်ဝသော ယုံကြည်ကိုးစားမှု၊ အရှင်မြတ်အပေါ် ယုံကြည်အားထားခြင်းနှင့် မိမိ၏ အရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှင်းထားတော်မူခြင်း။
  8. တမန်တော်မြတ်ﷺ ၏ ရဲစွမ်းသတ္တိနှင့် (အခြားသူများ၏ ) စိတ်နှလုံးသားများအား စိတ်အေးချမ်းသာမှုပေးခြင်း။
  9. ရန်သူအား စိုးရိမ်ကြောက်ရွံ့ရသောကြောင့် မိမ၏ ဒီန်သာသနာအား ကာကွယ်ရန်အလို့ငှာ ထွက်ပြေးခြင်း ( ဟိဂျ်ရသ်ပြုခြင်း )နှင့် အကြောင်းခံများကို ကိုင်တွယ် အသုံးပြုခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍