عَنْ مُعَاذَةَ قَالَتْ:
سَأَلْتُ عَائِشَةَ، فَقُلْتُ: مَا بَالُ الْحَائِضِ تَقْضِي الصَّوْمَ، وَلَا تَقْضِي الصَّلَاةَ؟ فَقَالَتْ: أَحَرُورِيَّةٌ أَنْتِ؟ قُلْتُ: لَسْتُ بِحَرُورِيَّةٍ، وَلَكِنِّي أَسْأَلُ. قَالَتْ: كَانَ يُصِيبُنَا ذَلِكَ، فَنُؤْمَرُ بِقَضَاءِ الصَّوْمِ، وَلَا نُؤْمَرُ بِقَضَاءِ الصَّلَاةِ.
[صحيح] - [متفق عليه] - [صحيح مسلم: 335]
المزيــد ...
မုအာဇဟ် သခင်မက ဆင့်ပြန်ခဲ့သည်။
ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ အာအိရှဟ်သခင်မက အသင်မ ဟရူရီယဟ်ဂိုဏ်းဝင်လားဟု မေးမြန်းရာ ကျွန်မက မိမိသည် ဟရူရီယဟ်ဂိုဏ်းဝင်မဟုတ်ကြောင်း၊ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက ကျွန်မတို့လည်း ဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 335]
မုအာဇဟ် အလ်အဒ်ဝိယဟ်က မိခင်မွန်ကြီး အာအိရှဟ်သခင်မအား ဤသို့ မေးမြန်းခဲ့သည်- ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်း။ ထိုအခါ မိခင်မွန်ကြီး အာအိရှဟ်သခင်မက သူမအား မေးမြန်းခဲ့သည်မှာ - အသင်မဟာ ဟရူရီယဟ်ခါရီဂျီဂိုဏ်းဝင်များထဲမှလား။ အကြင်ခါရီဂျီဂိုဏ်းဝင်များသည် တင်းကျပ်ခြင်း၊ တင်းမာခြင်းအတွက် မေးခွန်းများကို အလွန်အမင်း မေးမြန်းတတ်ကြ၏။ မုအာဇဟ်က "ကျွန်မသည် ဟရူရီယဟ်ဂိုဏ်းဝင်တစ်ဦးမဟုတ်ပါ။ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရဲ့ ခေတ်ကာလတုန်းက ကျွန်မတို့လည်းဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။