عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضي الله عنها أَنَّهَا قَالَتْ:
إِنَّ أُمَّ حَبِيبَةَ بِنْتَ جَحْشٍ الَّتِي كَانَتْ تَحْتَ عَبْدِ الرَّحْمَنِ بْنِ عَوْفٍ شَكَتْ إِلَى رَسُولِ اللهِ صلى الله عليه وسلم الدَّمَ، فَقَالَ لَهَا: «امْكُثِي قَدْرَ مَا كَانَتْ تَحْبِسُكِ حَيْضَتُكِ، ثُمَّ اغْتَسِلِي». فَكَانَتْ تَغْتَسِلُ عِنْدَ كُلِّ صَلَاةٍ.
[صحيح] - [رواه مسلم] - [صحيح مسلم: 334]
المزيــد ...
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ
အွမ်မုဟဗီးဗဟ် ဗင်န်သိ ဂျဟ်ရှ် သည် အဗ်ဒုရ်ရဟ်မာန် ဗင်န် အောဖ် (ရဿွိယလ္လာဟုအန်ဟု) ၏ဇနီးဖြစ်ပြီး၊ သူမသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဓမ္မတာသွေးဆင်းခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား အမိန့်ရှိသည်မှာ ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။ သို့သော် သူမသည် ဆွလာသ်တိုင်းအတွက် ရေချိုးလေ့ရှိသည်။
[صحيح] - [رواه مسلم] - [صحيح مسلم - 334]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမျိုးသမီးသာဝကများအနက်မှတစ်ဦးက ရာသီသွေးဆင်းပြီးနောက် ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အကြောင်းကို တမန်တော်မြတ်အား မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအမျိုးသမီးအား ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အခြေအနေမဖြစ်ပေါ်မီက သူမထံ၌ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်းအတာနှင့်အညီ ဆွလာသ်ဝတ်ပြုခြင်းမှ ရပ်တန့်ထားရန်၊ ယခင်က ပုံမှန် ဓမ္မတာသွေးပေါ်သည့်ကာလ ပြီးဆုံးသွားသည့်အခါ ရေချိုးရန်နှင့် ဆွလာသ်ဝတ်ပြုရန် ညွှန်ကြားခဲ့သည်။ သို့သော် ထိုအမျိုးသမီးသည် ဆွလာသ်တိုင်းအတွက် နဖ်လ် (တာဝန်အရမဟုတ်ဘဲ) ရေချိုးလေ့ရှိခဲ့သည်။