عَنِ الْبَرَاءِ رَضيَ اللهُ عنه قَالَ:
مَا رَأَيْتُ مِنْ ذِي لِمَّةٍ أَحْسَنَ فِي حُلَّةٍ حَمْرَاءَ مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، شَعْرُهُ يَضْرِبُ مَنْكِبَيْهِ، بَعِيدَ مَا بَيْنَ الْمَنْكِبَيْنِ، لَيْسَ بِالطَّوِيلِ وَلَا بِالْقَصِيرِ.

[صحيح] - [متفق عليه] - [صحيح مسلم: 2337]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဗရာအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
" ဆံပင်ပုခုံးထိရှည်လျားပြီး၊ အနီရောင်ဝတ်ရုံကို ဝတ်ထားတယ့်အခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထက်ပို၍ လှပတဲ့သူကို ကျွန်တော် မမြင်ဖူးပါ။ ကိုယ်‌တော်၏ဆံပင်များသည် ပခုံးနှစ်ဘက်အထိ ရောက်နေပြီး၊ ပခုံးနှစ်ဘက်ကြားသည် ကျယ်ဝန်းကာ(ကိုယ်တော်၏အရပ်မှာ ) မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အလယ်အလတ်ရှိသည်။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2337]

ရှင်းလင်းချက်

ဗရာအ် ဗင်န် အာဇိဗ် (ရဿွိယလ္လာဟုအန်ဟ်) က ပြောပြသည်မှာ- ၎င်းသည် ဦးခေါင်းဆံပင်သည် ပခုံးများအထိ ရှည်လျားပြီး အနက်ရောင်၌ အနီစင်းများပါသော ဝတ်ရုံကို ဝတ်ဆင်ထားသူများအနက် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထက်ပို၍ လှပသူကို သူမမြင်ဖူးကြောင်း၊ ထို့အပြင် ကိုယ်‌တော်၏ ရုပ်အဆင်းသွင်ပြင်လက္ခဏာများအနက် ပခုံးနှစ်ဘက်ကြား ကျယ်ဝန်းခြင်း၊ ရင်ဘတ်ကျယ်ခြင်းနှင့် အရပ် မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အလယ်အလတ်ရှိခြင်းတို့ ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ လှပသော အပြင်ပန်းသဏ္ဌာန် လက္ခဏာရပ်များဖြစ်သည့် လှပသောဆံပင်၊ ကျယ်ဝန်းသောရင်ဘတ်၊ လှပမျှတသော အရပ်အမြင့်နှင့် အခြားသော ဂုဏ်ရည်တို့ကို ဖော်ပြခြင်း။
  2. စွဟာဗဟ် ( ရဿွိယလ္လာဟုအန်ဟွမ်) တို့၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ထားရှိသော ချစ်ခင်မှုသည်( အလွန်နက်ရှိုင်းလှသဖြင့်) ထိုသာဝကကြီးများသည် နောက်လာနောက်သားများအတွက် တမန်တော်မြတ်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာများကို မှတ်တမ်းတင်ခဲ့ကြသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍