عَنْ ابنِ عُمَرَ رَضيَ اللهُ عنهما عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنِ اقْتَنَى كَلْبًا إِلَّا كَلْبَ ضَارٍ أَوْ مَاشِيَةٍ نَقَصَ مِنْ عَمَلِهِ كُلَّ يَوْمٍ قِيرَاطَانِ»، قَالَ سَالِمٌ: وَكَانَ أَبُو هُرَيْرَةَ يَقُولُ: «أَوْ كَلْبَ حَرْثٍ»، وَكَانَ صَاحِبَ حَرْثٍ.
[صحيح] - [متفق عليه] - [صحيح مسلم: 1574]
المزيــد ...
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့် ခွေး သို့မဟုတ် အမဲလိုက်ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏
ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်။" စာလင်မ်က ပြောပြသည်- အဘူဟုရိုင်ရဟ်က 'သို့မဟုတ် လယ်ယာစောင့်ခွေး'ဟု ထည့်ပြောလေ့ရှိပြီး အဘူဟိုရိုင်ရဟ်ကိုယ်တိုင် လယ်ယာရှင်တစ်ဦးဖြစ်သည်။
[صحيح] - [متفق عليه] - [صحيح مسلم - 1574]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမဲလိုက်ခြင်း၊ တိရစ္ဆာန်များနှင့် သီးနှံများကို စောင့်ရှောက်ကာကွယ်ရန်မှတစ်ပါး အခြားလိုအပ်ချက်များအတွက် ခွေးမွေးခြင်းကို သတိပေးတားမြစ်ထားသည်။ ထိုသို့လိုအပ်ချက်မရှိဘဲ ခွေးမွေးသူသည် နေ့စဉ် မိမိ၏ ကောင်းမှုအကျိုးမှ ကီရာသွ်နှစ်ခု လျော့နည်းသွားသည်။ ကီရာသွ်၏ တိတိကျကျပမာဏကို အလ္လာဟ်အရှင်မြတ်သာ လျှင် သိရှိတော်မူသည်။