عَنْ أَبِي بُرْدَةَ الْأَنْصَارِيِّ رَضيَ اللهُ عنهُ أَنَّهُ سَمِعَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«لَا يُجْلَدُ أَحَدٌ فَوْقَ عَشَرَةِ أَسْوَاطٍ إِلَّا فِي حَدٍّ مِنْ حُدُودِ اللهِ».
[صحيح] - [متفق عليه] - [صحيح مسلم: 1708]
المزيــد ...
အဗူဗုရ်ဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
"တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ
တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသောပြစ်ဒဏ်များထဲမှပြစ်ဒဏ်တစ်ခုခုအတွက်မူ ရိုက်ခွင့်ရှိသည်။"
[صحيح] - [متفق عليه] - [صحيح مسلم - 1708]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ် ဆယ်ချက်ထက်ပိုမို၍ မရိုက်ရန် တားမြစ်တော်မူခဲ့သည်။ သို့ရာတွင် ပြစ်မှုများအတွက်မူ ရိုက်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ရှရီအဟ်ဥပဒေတွင် သတ်မှတ်ထားသော ဒဏ်ရိုက်ချက်အရေအတွက်ရှိသည့် ဒဏ်ခတ်မှု၊ ရိုက်နှက်မှု သို့မဟုတ် အပြစ်ဒဏ်မျိုးကို ရည်ညွှန်းခြင်းမဟုတ်ဘဲ စည်းကမ်းဖောက်ဖျက်မှုအတွက်ဆုံးမသည့်အနေဖြင့်ရိုက်ခြင်းတွင် ဆယ်ချက်ထက် မပိုစေရဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - ဇနီးသည်ကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ဆုံးမရာတွင် ရိုက်ခြင်းဖြစ်သည်။