عَنْ عَلِيٍّ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ أَصَابَ حَدًّا فَعُجِّلَ عُقُوبَتَهُ فِي الدُّنْيَا فَاللَّهُ أَعْدَلُ مِنْ أَنْ يُثَنِّيَ عَلَى عَبْدِهِ العُقُوبَةَ فِي الآخِرَةِ، وَمَنْ أَصَابَ حَدًّا فَسَتَرَهُ اللَّهُ عَلَيْهِ وَعَفَا عَنْهُ فَاللَّهُ أَكْرَمُ مِنْ أَنْ يَعُودَ فِي شَيْءٍ قَدْ عَفَا عَنْهُ».
المزيد
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိပြီး၊ ထိုအပြစ်အတွက် ဤလောက၌ပင် ပြစ်ဒဏ်စီရင်ခြင်းကို အမြန်ဆုံးခံရ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အပေါ် နောင်တမလွန်ဘဝ၌ ပြစ်ဒဏ်စီရင်ခြင်းကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်တော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အရှင်မြတ်သည် အလွန်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိသော်လည်း၊ အလ္လာဟ်အရှင်မြတ်က ၎င်းအပြစ်ကို ဖုံးကွယ်ပေးတော်မူပြီး ခွင့်လွှတ်တော်မူ၏။ ထိုအခါ အရှင်မြတ်သည် မိမိခွင့်လွှတ်ပြီးသော အရာတစ်ခုကို ပြန်၍အပြစ်ပေးတော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင် ဖြစ်တော်မူ၏။”