عَنْ عُبَادَةَ بْنِ الصَّامِتِ رَضِيَ اللَّهُ عَنْهُ، وَكَانَ شَهِدَ بَدْرًا، وَهُوَ أَحَدُ النُّقَبَاءِ لَيْلَةَ العَقَبَةِ: أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ، وَحَوْلَهُ عِصَابَةٌ مِنْ أَصْحَابِهِ:
«بَايِعُونِي عَلَى أَلَّا تُشْرِكُوا بِاللَّهِ شَيْئًا، وَلاَ تَسْرِقُوا، وَلاَ تَزْنُوا، وَلاَ تَقْتُلُوا أَوْلاَدَكُمْ، وَلاَ تَأْتُوا بِبُهْتَانٍ تَفْتَرُونَهُ بَيْنَ أَيْدِيكُمْ وَأَرْجُلِكُمْ، وَلاَ تَعْصُوا فِي مَعْرُوفٍ، فَمَنْ وَفَى مِنْكُمْ فَأَجْرُهُ عَلَى اللَّهِ، وَمَنْ أَصَابَ مِنْ ذَلِكَ شَيْئًا فَعُوقِبَ فِي الدُّنْيَا فَهُوَ كَفَّارَةٌ لَهُ، وَمَنْ أَصَابَ مِنْ ذَلِكَ شَيْئًا ثُمَّ سَتَرَهُ اللَّهُ فَهُوَ إِلَى اللَّهِ، إِنْ شَاءَ عَفَا عَنْهُ وَإِنْ شَاءَ عَاقَبَهُ» فَبَايَعْنَاهُ عَلَى ذَلِكَ.
[صحيح] - [متفق عليه] - [صحيح البخاري: 18]
المزيــد ...
အုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းသည် ဗဒရ်စစ်ပွဲတွင် ပါဝင်ခဲ့ပြီး၊ အက်ဗဟ်ည(တွင် ဗိုင်အသ်သစ္စာခံယူခြင်း၌ ပါဝင်ခဲ့သည့် ) ကိုယ်စားလှယ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးလည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အနီးတစ်ဝိုက်တွင် မိမိ၏ တပည့်သာဝကများထဲမှ အုပ်စုတစ်စုရှိနေစဉ် မိန့်ကြားတော်မူခဲ့သည်-
"သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့် တစ်စုံ တစ်ရာကိုမျှ ရှိရ်ရ်ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ ခိုးဝှက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ဇိနာ(အိမ်ထောင်ရေးဖောက်ပြန်မှု) ကျူးလွန်မည် မဟုတ်ကြောင်း၊ မိမိတို့၏ သားသမီးများကိုသတ်ဖြတ်ခြင်း ပြုမည်မဟုတ်ကြောင်း၊ မိမိတို့ကိုယ်တိုင်စွပ်စွဲလုပ်ကြံဖန်တီးထားသော မုသားလိမ်လည်မှုတစ်ခုကို ယူဆောင်လာကြမည် မဟုတ်ကြောင်း၊ ကောင်းသည့်ကိစ္စရပ်တွင် အမိန့်ဖီဆန်ကြမည် မဟုတ်ကြောင်း ငါကိုယ်တော်အား အသင်တို့ ဗိုင်အသ်ကတိသစ္စာပြုကြလော့။ သင်တို့ထဲမှ မည်သူမဆို (ထိုဗိုင်အသ်ကတိသစ္စာကို) စောင့်ထိန်းပါက သူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တာဝန်ရှိသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ် ဖြစ်သည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီးနောက် အလ္လာဟ်အရှင်မြတ်က သူ့အပြစ်ကို ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏ အရေးကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိသွားသည်။ အရှင်မြတ် အလိုရှိတော်မူလျှင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်၊ အရှင်မြတ် အလိုရှိတော်မူလျှင်လည်း သူ့ကို အပြစ်ဒဏ်စီရင်တော်မူမည်။" ထို့နောက် ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 18]
အုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းသည် ဗဒရ်စစ်ပွဲကြီးတွင် ပါဝင်ခဲ့ပြီး၊ မီနာရှိ အက်ဗဟ် (တောင်ခြေတွင်ပြုလုပ်သည့် ဗိုင်အသ်သစ္စာခံယူသည့်) ညတွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကူညီရန်အတွက် ဗိုင်အသ်သစ္စာခံယူရန် လာရောက်ခဲ့ကျသော လူမျိုးစု၏ အကြီးအကဲလည်း ဖြစ်သည်။ (အဆိုပါဖြစ်ရပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မဒီနာသို့ ရွှေ့ပြောင်းခြင်းမပြုမီ မက္ကာတွင်ရှိစဉ်က ဖြစ်သည်။) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများကြားတွင် ထိုင်လျက်ရှိနေခဲ့သည်။ ထို့နောက် ၎င်းတို့အား အောက်ပါကိစ္စရပ်များအတွက် ဗိုင်အသ်ကတိသစ္စာပြုကြရန် တောင်းဆိုခဲ့သည်- ၁။ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရာတွင် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို အနည်းငယ်မျှပင် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း) ပြုမည်မဟုတ်။ ၂။ ခိုးဝှက်ခြင်း မပြု။ ၃။ စက်ဆုပ်ဖွယ်ရာဇိနာကို ကျူးလွန်မည် မဟုတ်။ ၄။ ဆင်းရဲနွမ်းပါးမည်စိုးရိမ်၍ သားယောကျ်ားလေးများကို သတ်ဖြတ်ခြင်းနှင့် အရှက်တကွဲ ဖြစ်မည်ကိုစိုးရိမ်၍ သမီးမိန်းကလေးများကို သတ်ဖြတ်ခြင်း ပြုမည်မဟုတ်။ ၅။ မိမိတို့၏ လက်များနှင့် ခြေများဖြင့် မည်သည့်မုသားလိမ်လည်မှုတစ်ခုကိုကိုမျှ မယူဆောင်လာရပေ။ (အများအားဖြင့် လုပ်ရပ်အများစုသည် ဤအစိတ်အပိုင်းနှစ်ခုမှ ဖြစ်ပေါ်တတ်သော်လည်း အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများလည်း ပါဝင်နိုင်သည်)။ ၆။ ကောင်းသည့်ကိစ္စရပ်များတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝသလ္လမ်)၏ အမိန့်ဖီဆန်ခြင်းမပြုပါ။ ၎င်းတို့အနက် မည်သူမဆို ထိုကတိတော်အတိုင်း စွဲမြဲစွာရပ်တည်ပြီး လိုက်နာကျင့်သုံးပါက ထိုသူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည်။ မည်သူမဆို ဖော်ပြပါအရာများအနက် တစ်စုံတစ်ရာ (အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခြင်းမှအပ)ကို ကျူးလွန်ပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ်ဖြစ်ပြီး ထိုသို့သောအားဖြင့် အပြစ်အကုသိုလ်မှာ ကင်းရှင်းသွားသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်က ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏အရေးကို အလ္လာဟ်အရှင်မြတ်သာ စီရင်တော်မူမည်။ အကယ်၍ အရှင်မြတ်အလိုတော်ရှိပါက လွှတ်ငြိမ်းခွင့်ပေးတော်မူမည်၊ သို့မဟုတ်ပါက အပြစ်ဒဏ်ခတ်တော်မူမည်။ ထို့နောက် ရောက်ရှိလာသူအားလုံးတို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။