عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ:
قَدِمَ أُنَاسٌ مِنْ عُكْلٍ أَوْ عُرَيْنَةَ، فَاجْتَوَوْا المَدِينَةَ فَأَمَرَهُمُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِلِقَاحٍ، وَأَنْ يَشْرَبُوا مِنْ أَبْوَالِهَا وَأَلْبَانِهَا، فَانْطَلَقُوا، فَلَمَّا صَحُّوا قَتَلُوا رَاعِيَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَاسْتَاقُوا النَّعَمَ، فَجَاءَ الخَبَرُ فِي أَوَّلِ النَّهَارِ، فَبَعَثَ فِي آثَارِهِمْ، فَلَمَّا ارْتَفَعَ النَّهَارُ جِيءَ بِهِمْ، فَأَمَرَ فَقَطَعَ أَيْدِيَهُمْ وَأَرْجُلَهُمْ، وَسُمِرَتْ أَعْيُنُهُمْ، وَأُلْقُوا فِي الحَرَّةِ، يَسْتَسْقُونَ فَلاَ يُسْقَوْنَ، قَالَ أَبُو قِلاَبَةَ: فَهَؤُلاَءِ سَرَقُوا وَقَتَلُوا، وَكَفَرُوا بَعْدَ إِيمَانِهِمْ، وَحَارَبُوا اللَّهَ وَرَسُولَهُ.
[صحيح] - [متفق عليه] - [صحيح البخاري: 233]
المزيــد ...
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
“အုက်လ် သို့မဟုတ် အုရိုင်နဟ်မျိုးနွယ်ဝင် လူအချို့သည် (မဒီနဟ်မြို့သို့) ရောက်ရှိလာကြသည်။ ထိုသူတို့သည် မဒီနာမြို့ရာသီဥတုနှင့် အဆင်မပြေသဖြင့် ဖျားနာခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းတို့အား နို့ထွက်သည့်ကုလားအုတ်မများရှိရာနေရာသို့ သွားပြီး ၎င်းတို့၏ ကျင်ငယ်များနှင့် နို့များကို(ရော၍) သောက်သုံးရန် အမိန့်ပေးတော်မူ၏။ ထို့ကြောင့် ၎င်းတို့သည် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ကျန်းမာလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တိရစ္ဆာန်ထိန်းကျောင်းသူကို သတ်ဖြတ်ကာ တိရစ္ဆာန်များကို မောင်းနှင်သွားကြလေသည်။ မနက်ခင်းအစောပိုင်းအချိန်တွင် ထိုသတင်းရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့နောက်သို့ (ဖမ်းဆီးရန်)လိုက်လံစေတော်မူ၏။ နေ့ခင်းအချိန်ရောက်သော် သူတို့ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့၏ လက်နှင့်ခြေတို့ကို ဖြတ်တောက်ရန် အမိန့်ပေးတော်မူလိုက်သည်။ သူတို့၏မျက်လုံးများသည် သံပူနှင့် ထိုးဖောက်ခြင်းခံရ၏။ သူတို့သည် မည်းနက်သည့် ကျောက်စိုင်မြေ (အလ်ဟရ်ရဟ်)ဆိုသည့် နေရာတွင် ပစ်ထားခြင်းခံရ၏။ သူတို့သည် သောက်ရန် ရေတောင်းခံကြသော်လည်း ရေတိုက်ခြင်းမခံကြရချေ။
အဘူကိလာဗဟ်က ပြောပြခဲ့သည်မှာ- ဤသူတို့သည် ခိုးယူခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ပြန်လည်သွေဖည်ငြင်းပယ်ခဲ့ကာ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။”
[صحيح] - [متفق عليه] - [صحيح البخاري - 233]
အုက်လ်နှင့် အုရိုင်နဟ်မျိုးနွယ်စုနှစ်ခုမှ အမျိုးသားအချို့သည် မွတ်စ်လင်မ်များအဖြစ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်သို့ ရောက်ရှိလာကြသည်။ ထိုအခါ သူတို့သည် ဖျားနာခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်းဖြစ်စေသော ရောဂါတစ်မျိုးကို ခံစားကြရပြီး မဒီနာမြို့၏ အစားအစာနှင့် လေ(ရာသီဥတု)သည် သူတို့နှင့် အဆင်မပြေသောကြောင့် မဒီနာ၌ နေထိုင်ခြင်းကို မနှစ်သက်ခဲ့ကြပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့အား စွဒကဟ်အဖြစ်ရရှိထားသော ကုလားအုတ်များထံ သွားရောက်ကာ ထိုကုလားအုတ်များ၏ ကျင်ငယ်များနှင့် နို့များကို(ရော၍) သောက်သုံးရန် အမိန့်ပေးတော်မူ၏။ ထို့ကြောင့် ၎င်းတို့သည် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ကျန်းမာသန်စွမ်းလာပြီး ကိုယ်အလေးချိန်တက်လာကာ အသားအရောင် ပြန်ကောင်းလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တိရစ္ဆာန်ထိန်းကျောင်းသူကို သတ်ဖြတ်ကာ ကုလားအုတ်များကို မောင်းနှင်သွားကြလေသည်။ ထိုသတင်းသည် နံနက်အစောပိုင်းတွင် ရောက်ရှိလာသဖြင့် တမန်တော်မြတ်က သူတို့ကို လိုက်လံဖမ်းဆီးစေတော်မူရာ မွန်းတည့်ချိန်တွင် အဖမ်းခံရပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အကျဉ်းသားများအဖြစ် ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သူတို့၏ လက်နှင့်ခြေများကို ဖြတ်တောက်ရန်၊ မျက်လုံးများကို ထိုးဖောက်ရန် အမိန့်ပေးတော်မူ၏။ အဘယ် ကြောင့်ဆိုသော် သူတို့သည် တိရစ္ဆာန်ထိန်းကျောင်းသူကို ထိုနည်းအတိုင်း ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့နောက် သူတို့သည် မည်းနက်သည့် ကျောက်စိုင်မြေ (အလ်ဟရ်ရဟ်)ဆိုသည့်နေရာတွင် ပစ်ထားခြင်းခံရ၏။ သူတို့သည် သောက်ရန် ရေတောင်းခံကြသော်လည်း ရေတိုက်ခြင်းမခံကြရသောကြောင့် နောက်ဆုံးတွင် သေဆုံးသွားကြလေသည်။ အဘူကိလာဗဟ်က ပြောပြခဲ့သည်- ဤသူတို့သည် ခိုးယူခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ပြန်လည်သွေဖည်ငြင်းပယ်ခဲ့ကာ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။