عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ تَرَدَّى مِنْ جَبَلٍ فَقَتَلَ نَفْسَهُ فَهُوَ فِي نَارِ جَهَنَّمَ يَتَرَدَّى فِيهِ خَالِدًا مُخَلَّدًا فِيهَا أَبَدًا، وَمَنْ تَحَسَّى سُمًّا فَقَتَلَ نَفْسَهُ فَسُمُّهُ فِي يَدِهِ يَتَحَسَّاهُ فِي نَارِ جَهَنَّمَ خَالِدًا مُخَلَّدًا فِيهَا أَبَدًا، وَمَنْ قَتَلَ نَفْسَهُ بِحَدِيدَةٍ فَحَدِيدَتُهُ فِي يَدِهِ يَجَأُ بِهَا فِي بَطْنِهِ فِي نَارِ جَهَنَّمَ خَالِدًا مُخَلَّدًا فِيهَا أَبَدًا».

[صحيح] - [متفق عليه] - [صحيح البخاري: 5778]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“မည်သူမဆို တောင်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲ၌လည်း ခုန်ချနေရလျက် အမြဲထာဝရနေထိုင်ရမည် ဖြစ်သည်။ မည်သူမဆို အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည်ဂျဟန္နမ်ငရဲ၌ အဆိပ်ကိုမိမိလက်၌ ကိုင်ဆောင်လျက် အမြဲထာဝရ အဆိပ်သောက်နေရမည် ဖြစ်သည်။ မည်သူမဆို သံထည်လက်နက်ဖြင့် မိမိကိုယ်ကို (ထိုး၍) သတ်သေခဲ့လျှင် ဂျဟန္နမ်ငရဲ၌ ထိုသံဓားကို မိမိလက်၌ ကိုင်ဆောင်လျက် မိမိဝမ်းဗိုက်ကို ထိုးဖောက်လျက် အမြဲထာဝရနေရလိမ့်မည် ဖြစ်သည်။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5778]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဒွန်ယာလောက၌ မိမိကိုယ်မိမိ တမင်ရည်ရွယ်လျှက် သတ်သေခြင်းမှ သတိပေးတားမြစ်တော်မူခဲ့ပြီး ထိုသို့ပြုလုပ်သူသည် ကိယာမသ်နေ့တွင် ဂျဟန္နမ်ငရဲမီး၌ ဒွန်ယာလောကတွင် မိမိကိုယ်မိမိ ပြုလုပ်ခဲ့သောနည်းအတိုင်း အပြစ်ဒဏ်ခံစားရမည်ဖြစ်သည်ဟု သတိပေးတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို တောင်ထိပ်မှခုန်ချ၍ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါက ထိုသူသည် ငရဲ၌ ဂျဟန္နမ်၏တောင်များမှ ချောက်ကမ်းပါးများအထိ ထိုနည်းတူ ခုန်ချနေရလျက် ထိုငရဲ၌ထာဝရအမြဲ နေရမည်ဖြစ်သည်။ မည်သူမဆို အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့လျှင်လည်း ထိုသူသည်ဂျဟန္နမ်ငရဲ၌ အဆိပ်ကိုမိမိလက်၌ ကိုင်ဆောင်လျက် အမြဲထာဝရ အဆိပ်သောက်နေရမည် ဖြစ်သည်။ ထိုနည်းတူ မည်သူမဆို သံထည်လက်နက်ဖြင့် မိမိကိုယ်ကို (ထိုး၍) သတ်သေခဲ့လျှင် ဂျဟန္နမ်ငရဲ၌ ထိုသံဓားကို မိမိလက်၌ ကိုင်ဆောင်လျက် မိမိဝမ်းဗိုက်ကို ထိုးဖောက်လျက် အမြဲထာဝရနေရလိမ့်မည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းသည် ဟရာမ်ဖြစ်ပြီး၊အပြစ်အကုသိုလ်ကြီးများထဲမှ တစ်ခုဖြစ်ကာ ယင်းအတွက် ပြင်းထန်သောပြစ်ဒဏ်ကို ခံစားထိုက်ပေသည်။
  2. ဟဒီးစ်တော်တွင် ဖော်ပြခဲ့သည်မှာ မိမိကိုယ်ကို အဆုံးစီရင်မှု အမျိုးအစားအချို့ကို ဥပမာပေးခြင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက မည်သည့်နည်းဖြင့်မဆို မိမိကိုယ်ကို အဆုံးစီရင်သူသည် မိမိပြုခဲ့သည့်အတိုင်း ထိုနည်းတူ အပြစ်ဒဏ် ခံစားရမည် ဖြစ်သည်။ ဆွဟီးဟ် ဗုခါရီကျမ်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားချက် လာရှိသည်မှာ – “မိမိလည်ပင်းကို ညှစ်၍ အဆုံးစီရင်သူသည် ငရဲ၌လည်း ထိုနည်းတူ မိမိလည်ပင်းကို ညှစ်နေရလိမ့်မည်။ မိမိကိုယ်ကို (ချွန်ထက်သောအရာတစ်ခုခုဖြင့်) ထိုး၍ သတ်သေသူသည်လည်း ငရဲ၌ ထိုနည်းတူ ထိုးနေရလိမ့်မည်။”
  3. အိမာမ်နဝဝီက “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ‘ထိုသူသည် ငရဲမီးထဲ၌ အစဉ်အမြဲ နေရလိမ့်မည်’ ဟူသော မိန့်ကြားချက်နှင့် ပတ်သက်၍ အဆိုယူဆချက်များ ရှိသည်။ ပထမအဆိုမှာ- ဤသို့ပြုလုပ်ခြင်းကို ဟရာမ်ဖြစ်‌ကြောင်း သိရှိလျက်နှင့် ဟလာလ်ဟု ယူဆကာ ပြုလုပ်သူအပေါ်တွင် သက်ရောက်သည်။ ထိုသူသည် ကာဖိရ်ဖြစ်ပြီး ဤသည်မှာ သူ၏အပြစ်ဒဏ် ဖြစ်သည်။ ဒုတိယအဆိုမှာ "အစဉ်အမြဲ"ဆိုသည်မှာ အမှန်တကယ် ထာဝရနေခြင်းကို မဆိုလိုဘဲ ကြာရှည်စွာ နေရခြင်း၊ ရှည်ကြာသော ကာလကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ "အလ္လာဟ်အရှင်မြတ်သည် ဘုရင်၏ အုပ်စိုးမှုကို ထာဝရတည်မြဲစေတော်မူပါ" ဟု ဆိုသကဲ့သို့ ဖြစ်သည်။ တတိယအဆိုမှာ ဤသည်မှာ ထိုအပြစ်အတွက် ပြစ်ဒဏ်ဖြစ်သော်လည်း အရှင်မြတ်သည် ကျေးဇူးတော်ကြောင့် မွတ်စ်လင်မ်အဖြစ် သေဆုံးသူသည် ငရဲ၌ ထာဝရ မနေရဟု မိန့်ကြားထားခြင်း ဖြစ်သည်” ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။
  4. ဤသည် နောင်တမလွန်ဘဝ၏
  5. ပြစ်ဒဏ်များသည် လောကီတွင်ကျူးလွန်ခဲ့သည့်ပြစ်မှုများနှင့် တူညီစွာ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်းကို ညွှန်ပြသည်။ ဤအချက်မှ လူတစ်ဦးသည် မိမိကိုယ်ကို ကျူးလွန်သော ပြစ်မှုသည် သူတစ်ပါးကို ကျူးလွန်သော ပြစ်မှုကဲ့သို့ပင် အပြစ်ရှိကြောင်း သိရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လူသား၏
  6. အသက်သည် သူ့အတွက် အကန့်အ
  7. သတ်မရှိ ပိုင်ဆိုင်ခွင့်ရှိသည့် အရာမဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မူသာဖြစ်သော
  8. ကြောင့် အရှင်မြတ် ခွင့်ပြုတော်မူသည့်အတိုင်းသာ စီမံခွင့် ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (36)
ထပ်၍