عَنِ ابْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَنْ يَزَالَ المُؤْمِنُ فِي فُسْحَةٍ مِنْ دِينِهِ، مَا لَمْ يُصِبْ دَمًا حَرَامًا».
[صحيح] - [رواه البخاري] - [صحيح البخاري: 6862]
المزيــد ...
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌
အမြဲတမ်း ရှိနေမည်ဖြစ်သည်။"
[صحيح] - [رواه البخاري] - [صحيح البخاري - 6862]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်– ယုံကြည်သူသည် မိမိ၏ကောင်းမှုကုသိုလ်များ၏ ကျယ်ဝန်းမှု၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခွင့်လွှတ်တော်မူခြင်းတို့ကို မျှော်လင့်ရသော အခြေအနေတွင် ရှိနေသည်ဟု မိန့်ကြားခဲ့သည်။ သို့သော် သတ်ဖြတ်ခြင်း ဟရာမ်ဖြစ်သော လူသားတစ်ဦးကို သတ်မိပါက ၎င်း၏ကောင်းမှုများသည် ကျဉ်းမြောင်းသွားကာ လူသတ်မှု၏ကြီးမားသောအပြစ်ကို မဖုံးလွှမ်းနိုင်တော့ပေ။