عَن أَبي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لاَ يُشِيرُ أَحَدُكُمْ عَلَى أَخِيهِ بِالسِّلاَحِ، فَإِنَّهُ لاَ يَدْرِي، لَعَلَّ الشَّيْطَانَ يَنْزِعُ فِي يَدِهِ، فَيَقَعُ فِي حُفْرَةٍ مِنَ النَّارِ».
[صحيح] - [متفق عليه] - [صحيح البخاري: 7072]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေနိုင်သည်ဆိုသည်ကို သူမသိသောကြောင့် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်သွားလိမ့်မည်။"
[صحيح] - [متفق عليه] - [صحيح البخاري - 7072]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏အခြားမွတ်စ်လင်မ် ညီနောင်တစ်ဦးကို မည်သည့်လက်နက်အမျိုးအစားဖြင့်မဆို ချိန်ရွယ်ခြင်းမပြုရန် တားမြစ်သတိပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ချိန်ရွယ်မိပါက ရှိုင်သွာန်သည် ထိုသူ၏လက်၌ရှိသောလက်နက်ကို လှုပ်ရှားစေရန် သွေးဆောင်နိုင်ပြီး၊ ထို့နောက် မိမိ၏ညီအစ်ကိုကို သတ်မိခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းဖြင့် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်စေမည့် အပြစ်သို့ ကျရောက်သွားနိုင်သည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။