عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: مَا خَطَبَنَا نَبِيُّ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِلَّا قَالَ:
«لَا إِيمَانَ لِمَنْ لَا أَمَانَةَ لَهُ، وَلَا دِينَ لِمَنْ لَا عَهْدَ لَهُ».
[حسن لغيره] - [رواه أحمد] - [مسند أحمد: 12383]
المزيــد ...
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်မှာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကျွန်တော်တို့အား ဟောပြောမိန့်ကြားသည့်အခါတိုင်း၌ ဤသို့ မိန့်တော်မူသည်-
"အကြင်သူ၌ သစ္စာသမာဓိမရှိ၊ ထိုသူ၌ အီမာန်ယုံကြည်ခြင်း မရှိပေ။ အကြင်သူသည် ကတိကို စောင့်သိခြင်းမရှိ။ ထိုသူ၌ ဒီန်သာသနာ မရှိပေ။"
[حسن لغيره] - [رواه أحمد] - [مسند أحمد - 12383]
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်- “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ဟောပြောတိုင်း၊ သွန်သင်ဆုံးမတိုင်း ဤအချက်နှစ်ရပ်ကို သတိပေးတော်မူသည်” ၁။ မည်သူမဆို အခြားသူ၏ ဥစ္စာ၊ အသက် သို့မဟုတ် မိသားစုဝင်များနှင့် စပ်လျဉ်း၍ သစ္စာဖောက်ပါက၊ ထိုသူ၏ အီမာန်သည် ပြည့်စုံမည် မဟုတ်။ ၂။ မည်သူမဆို ပဋိညာဉ်နှင့် ကတိသစ္စာများကို ချိုးဖျက်ပြီး သစ္စာဖောက်ပါက၊ ထိုသူ၏ ဒီန်သာသနာသည် ပြည့်စုံမည် မဟုတ်။