عن أبي كريمة المقداد بن معد يكرب رضي الله عنه عن النبي صلى الله عليه وسلم قال: «إِذَا أَحَبَّ الرَّجُلُ أَخَاهُ، فَلْيُخْبِرْهُ أَنَّهُ يُحِبُّهُ».
[صحيح] - [رواه أبو داود والترمذي والنسائي في السنن الكبرى وأحمد]
المزيــد ...

အဗူကရီမဟ် မိက်ဒါဒ်ဗင်န်မအ်ဒီကရိဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။အကယ်၍ လူတစ်ဦးသည် မိမိ၏ ညီနောင်အား ချစ်ခင်ပါက ၎င်းအား ချစ်ခင်ကြောင်း အသိပေးပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

မြောက်မြားစွာသော ဟဒီးဆ်တော်များသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုရရန် ရည်ရွယ်၍ အပြန်အလှန်ချစ်ခင်မှုထားကြရန် ဖိတ်ခေါ်ထားပြီး ရရှိမည့်အကျိုးကုသိုလ်ကိုလည်း တင်ပြထားသည်။ ဤဟဒီးဆ်တော်သည် အရေးပါသော အဓိပ္ပါယ်တစ်ရပ်ကို ညွှန်ပြနေသည်။ ၎င်းသည် မုအ်မင်န်အချင်းချင်းကြားဆက်ဆံရေးကို အနက်ရှိုင်းဆုံး အကျိုးသက်ရောက်စေပြီး ချစ်ခင်မှုကို ပြန့်ပွားစေမည်။ ယင်းမှာ မိမိညီနောင်အား ချစ်ခင်ကြောင်း အသိပေးခြင်းဖြစ်သည်။၎င်းသည် လူမှုအဖွဲ့စည်းအား ချည့်နဲ့ပြိုကွဲစေမည့် လုပ်ရပ်များမှ ထိန်းသိမ်းပေးသည်။ ထိုသို့ ထိန်းသိမ်းပေးရန် အစ္စလာမ့်လူ့အဖွဲ့စည်းရှိ လူတစ်ဦးချင်းစီအကြား ချစ်ခင်မှုကို ဖြန့်ဝေခြင်းနှင့် လူမှုရေး နှောင်ကြိုးအား အစ္စလာမ့်ညီနောင်(ဟူသော စိတ်ဓာတ်)ဖြင့် ခိုင်မာအောင် ပြုလုပ်မှသာ ရရှိနိုင်မည်။ ဤအရာအားလုံးတို့အား အလ္လာဟ်အရှင်မြတ်အတွက် ချစ်ခင်ကြသူများကြား၌ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြောင်း အပြန်အလှန်အသိပေးခြင်းကဲ့သို့ ချစ်ခင်မှုကိုရရှိစေမည့် အကြောင်းခံများကို လက်တွေ့ အကောင်အထည်ဖော်ခြင်းဖြင့်သာရရှိလိမ့်မည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. အကြင်သူသည် မိမိ၏ ညီနောင်အား အလ္လာဟ်အရှင်မြတ်အတွက် ချစ်ခင်ပါက ၎င်းအား ချစ်ခင်ကြောင်း အသိပေးပါ။
  2. ထိုသို့ အသိပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးတစ်ရပ်မှာ ၎င်းအား ချစ်ခင်ကြောင်း သိသွားသောအခါ မိမိညွှန်ပြလိုက်သည့် လမ်းမှန်တရားနှင့် သက်ဆိုင်သော ဆုံးမစကားကို လက်ခံပြီး သူမသိသော ကောင်းကျိုးများဘက်သို့ ဖိတ်ခေါ်သည့်စကားကိုလည်း ငြင်းဆန်မည်မဟုတ်ပေ။
  3. ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးပွါးလာစေရန် အလ္လာဟ်အရှင်မြတ်အတွက် မိမိချစ်ခင်ရသောသူအား ချစ်ခင်ကြောင်း အသိပေးခြင်းသည် မွတ်စ်သဟဗ်ကောင်းမွန်သော ကိစ္စရပ်ဖြစ်သည်။
ထပ်၍