عَنْ أَمِيرِ المُؤْمِنِينَ أَبِي حَفْصٍ عُمَرَ بْنِ الخَطَّابِ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إنَّمَا الأَعْمَالُ بِالنِّيَّاتِ، وَإِنَّمَا لِكُلِّ امْرِئٍ مَا نَوَى، فَمَنْ كَانَتْ هِجْرَتُهُ إلَى اللَّهِ وَرَسُولِهِ فَهِجْرَتُهُ إلَى اللَّهِ وَرَسُولِهِ، وَمَنْ كَانَتْ هِجْرَتُهُ لِدُنْيَا يُصِيبُهَا أَوْ امْرَأَةٍ يَنْكِحُهَا فَهِجْرَتُهُ إلَى مَا هَاجَرَ إلَيْهِ».
[صحيح] - [رواه إماما المحدثين أبو عبد الله محمد بن إسماعيل بن إبراهيم بن المغيرة بن بردزبه البخاري، وأبو الحسين مسلم بن الحجاج بن مسلم القشيري النيسابوري في صحيحيهما اللذين هما أصح الكتب المصنفة] - [الأربعون النووية: 1]
المزيــد ...
ဖြေ။ မုအ်မင်တို့၏ ခေါင်းဆောင် အဘူ ဟဖ်စ်ွ အုမရ် ဗင်န် ခသ်သွားဗ်(رَضِيَ اللّٰهُ عَنْهُ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။
" ဧကန်အမှန်ပင် အမလ်ကျင့်ဆောင်မှုများသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။
ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည် "။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه إماما المحدثين أبو عبد الله محمد بن إسماعيل بن إبراهيم بن المغيرة بن بردزبه البخاري وأبو الحسين مسلم بن الحجاج بن مسلم القشيري النيسابوري في صحيحيهما اللذين هما أصح الكتب المصنفة] - [الأربعون النووية - 1]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ်မှု၌ဖြစ်စေနှင့် အရောင်းအ၀ယ်၌ဖြစ်စေအားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျအမိန့်ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် လောကီအကျိုးကို မျှော်လင့်သူသည် ထိုအကျိုးကိုသာ ရရှိမည်ဖြစ်ပြီး ကုသိုလ်အကျိုးရရှိမည်မဟုတ်ပါ။ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်ရွယ်သူသည် စားခြင်း၊ သောက်ခြင်းကဲ့သို့ သာမာန်ကိစ္စမျိုးပင်ဖြစ်စေ မိမိ၏အမလ်ကျင့်ဆောင်မှုအတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။