عَنِ ابْنِ عَبَّاسٍ رضيَ اللهُ عنهما:
أنَّهُ قَالَ لعَطَاءِ بْنِ أَبِي رَبَاحٍ: أَلَا أُرِيكَ امْرَأَةً مِنْ أَهْلِ الْجَنَّةِ؟ قُلْتُ: بَلَى، قَالَ: هَذِهِ الْمَرْأَةُ السَّوْدَاءُ، أَتَتِ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَتْ: إِنِّي أُصْرَعُ وَإِنِّي أَتَكَشَّفُ، فَادْعُ اللهَ لِي، قَالَ: «إِنْ شِئْتِ صَبَرْتِ وَلَكِ الْجَنَّةُ، وَإِنْ شِئْتِ دَعَوْتُ اللهَ أَنْ يُعَافِيَكِ» قَالَتْ: أَصْبِرُ، قَالَتْ: فَإِنِّي أَتَكَشَّفُ فَادْعُ اللهَ أَنْ لَا أَتَكَشَّفَ، فَدَعَا لَهَا.

[صحيح] - [متفق عليه] - [صحيح مسلم: 2576]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။
၎င်းက( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ ၎င်း(အသွာအ် ဗင်န် အဗီရဘာဟ်)က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မဟာ တက်( ဝက်ရူးပြန် )တယ့် ရောဂါကြောင့် လဲကျသွားရင် ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ထိုအခါ သူမက ကျွန်မသည်းခံပါမယ်။ ဒါပေမယ့် ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများကိုသာ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2576]

ရှင်းလင်းချက်

အိဗ်နု အဗ္ဗားစ်သခင်က ( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ အသွာအ် ဗင်န် အဗီရဘာဟ်က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မမှာ တက်( ဝက်ရူးပြန် )တယ့် ရောဂါရှိတယ်။ ထိုရောဂါခံစားရသည့်အခါ ( လဲကျသွားသည့်အတွက် )ကျွန်မရဲ့ခန္ဓာကိုယ်မှ (အရှက်အင်္ဂါအစိတ်အပိုင်းအချို့) မှာ ပေါ်သွားပါတယ်။ ထိုသို့ဖြစ်ချိန်၌ ကျွန်မတွင် အသိတရားရှိမ‌နေပါ။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ သူမက ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ သူမက ဒါဆို ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ ထို့နောက်သူမက ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဒွန်ယာလောက၌ ( အရှင်မြတ်၏ ) စမ်းသပ်မှုအပေါ် သည်းခံခြင်းသည် ( နောင်တမလွန်ဘဝတွင် ) ဂျန္နသ်သုခဘုံကို စံစားရရှိစေသည်။
  2. အိမာမ် နဝဝီက ဆိုသည်မှာ- ဤဟဒီးဆ်တော်တွင် တက်သည့်ရောဂါ( ဝက်ရူးပြန်ရောဂါ ) ခံစားရသူသည် ( ထိုရောဂါခံစားရမှုအ‌ပေါ် )အပြည့်အဝ စဝါးဗ်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
  3. စွဟာဗဟ်သာဝကကြီးများ၏ ဇနီးမယားတို့၏ သိက္ခာတည်ကြည်မှုနှင့် ရှက်တတ်မှု၊ သူမတို့၏( ကိုယ်ခန္ဓာအလှတရားကို )ဖုံးကွယ်လိုသည့် မက်ဆန္ဒ။ (ရဿွိယလ္လာဟု အန်ဟွန်းန ) ထို(ဝက်ရူးပြန်ရောဂါခံစားနေရသည့် )အမျိုးသမီးသည် မိမိ၏ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်စုံတစ်ရာ ပေါ်လွင်ထင်ရှားမှာကို အလွန်စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။
  4. အိဗ်နု ဟဂျရ်သခင်က ဆိုသည်မှာ- မိမိကိုယ်ကို စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု သိရှိပြီး ခက်ခဲမှုကို ကျင့်သုံးရန် အားနည်းမှုမရှိသူအတွက် ရုခ်စွတ်သ် ( ခွင့်ပြုမိန့်ထက် ) ရှိဒ်ဒသ် ( ခက်ခဲတင်းကျပ်သည့်အမိန့် ) ကိုကျင့်သုံးခြင်းသည် ပိုမိုကောင်းမွန်သည်။
  5. အိဗ်နု ဟဂျရ်သခင်ကဆိုသည်မှာ- ဤဟဒီးဆ်တွင် ဆေးဝါးများထက် ဒုအာပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်းသည် ရောဂါအားလုံးအတွက် ပိုမိုထိရောက်ပြီး အကျိုးရှိသော ကုသမှုဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်း၏ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုနှင့် တုံ့ပြန်မှုသည် ရုပ်ပိုင်းဆိုင်ရာဆေးဝါးများ၏ သက်ရောက်မှုထက် ပိုမိုကြီးမားကြောင်း ဖော်ပြသည်။ သို့ရာတွင် ၎င်းသည် အကြောင်းနှစ်ရပ်ကြောင့်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
  6. ၁။လူနာ၏ဘက်မှ - ရည်ရွယ်ချက်မှန်ကန်မှု
  7. ၂။ကုသပေးသူ၏ဘက်မှ - စိတ်အာရုံစူးရှမှုအား‌ ကောင်းခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ်ယုံကြည်ကိုးစားခြင်းနှင့် သက္ကဝါတရားထားရှိခြင်းတို့ဖြင့်မိမိ၏စိတ်နှလုံးသားကို ခိုင်မာစေသူ။
  8. အိဗ်နုဟဂျရ်သခင်က ဆိုသည်မှာ- ဤဟဒီးဆ်တွင် ကုသမှုခံယူခြင်းကို စွန့်လွှတ်ခွင့်ပြုထားကြောင်း အထောက်အထားရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍