عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا انْتَهَى أَحَدُكُمْ إِلَى الْمَجْلِسِ فَلْيُسَلِّمْ، فَإِذَا أَرَادَ أَنْ يَقُومَ فَلْيُسَلِّمْ، فَلَيْسَتِ الْأُولَى بِأَحَقَّ مِنَ الْآخِرَةِ».
[حسن] - [رواه أبو داود والترمذي والنسائي في الكبرى وأحمد] - [سنن أبي داود: 5208]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထိုင်ဝိုင်းတစ်ခုသို့ ရောက်သွားသောအခါ စလာမ်ဆိုပါ။ ထိုင်ဝိုင်းမှထလိုသောအခါ စလာမ်ဆိုပါ။ ပထမဆိုလိုက်သောစလာမ်သည် ဒုတိယစလာမ်ထက် ပို၍မသာမြတ်ပါ။ (၎င်းစလာမ်နှစ်မျိုးစလုံးသည် အတူတူပင်ဖြစ်သည်။)
[حسن] - [رواه أبو داود والترمذي والنسائي في الكبرى وأحمد] - [سنن أبي داود - 5208]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့ထိုင်နေရာ နေရာသို့ရောက်ရှိလာသူအား ထိုသူများအား ဦးစွာစလာမ်ပေးရန် လမ်းညွှန်ထား သည်။ ထို့ပြင် ထိုနေရာမှ ထွက်ခွာလိုပါက ကျန်ရှိသူများအား စလာမ်ပေး၍ နှုတ်ဆက်ရန်လည်း မိန့်ကြားထားသည်။ အကြောင်းမှာ လာရောက်စဉ်က စလာမ်ပေးခြင်းသည် ထွက်ခွာချိန်၌ စလာမ်ပေးခြင်းထက် ပိုမိုအခွင့်ထူးခံထိုက်သော အခွင့်အရေးရှိသည်မဟုတ်ပေ။