عَنْ عَائِشَةَ أُمِّ المؤْمِنين رَضيَ اللهُ عنها قَالَتْ:
جَاءَتْنِي مِسْكِينَةٌ تَحْمِلُ ابْنَتَيْنِ لَهَا، فَأَطْعَمْتُهَا ثَلَاثَ تَمَرَاتٍ، فَأَعْطَتْ كُلَّ وَاحِدَةٍ مِنْهُمَا تَمْرَةً، وَرَفَعَتْ إِلَى فِيهَا تَمْرَةً لِتَأْكُلَهَا، فَاسْتَطْعَمَتْهَا ابْنَتَاهَا، فَشَقَّتِ التَّمْرَةَ الَّتِي كَانَتْ تُرِيدُ أَنْ تَأْكُلَهَا بَيْنَهُمَا، فَأَعْجَبَنِي شَأْنُهَا، فَذَكَرْتُ الَّذِي صَنَعَتْ لِرَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «إِنَّ اللهَ قَدْ أَوْجَبَ لَهَا بِهَا الْجَنَّةَ، أَوْ أَعْتَقَهَا بِهَا مِنَ النَّارِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2630]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
သူဆင်းရဲအမျိုးသမ တစ်ဦးသည် သူမ၏ သမီးက
လေးနှစ်ဦးကို ပွေ့ချီလျက် ကျွန်မထံ ရောက်လာခဲ့သည်။ ကျွန်မက သူမအား စွန်ပလွံသီးသုံးလုံးကျွေးခဲ့သည်။( စားရန်ရည်ရွယ်၍ ပေးခဲ့သည်။) သူမက စွန်ပလွံသီး တစ်လုံးစီကို သူမ၏ သမီးကလေး နှစ်ဦးအားပေးခဲ့ပြီး ကျန်တစ်လုံးကို မိမိကိုယ်တိုင် စားရန်ပါးစပ်သို့ ( လက်ကို )မြောက်ခဲ့သည်။ ထိုအချိန်တွင် သူမ၏သမီးကလေးနှစ်ဦးက ထိုစွန်ပလွံသီးအား ( စားလိုသည့်အနေဖြင့် )သူမထံ တောင်းခံကြသည်။ ထိုအခါ သူမကမိမိစားရန် ယူထားသော စွန်ပလွံသီးကို နှစ်ပိုင်းခွဲကာ ကလေးနှစ်ဦးကြား ခွဲဝေပေးလိုက်သည်။ သူမ၏ ဤလုပ်ရပ်သည် ကျွန်မအား အံ့သြစေခဲ့သည်။ ကျွန်မက သူမလုပ်ခဲ့သည့်လုပ်ရပ်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြခဲ့ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားတော်မူခဲ့သည်- 'အလ္လာဟ်အရှင်မြတ်သည် သူမ၏ ဤလုပ်ရပ်ကြောင့် သူမအတွက် ဂျန္နတ်သုခဘုံကို ဝါဂျိဗ်အဖြစ်သတ်မှတ် (သေချာစေတော်မူ )ခဲ့သည်။ သို့မဟုတ် ဂျဟန္နမ်ငရဲမှ လွတ်မြောက်ခွင့် ပေးသနားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2630]
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)မှ တင်ပြခဲ့သည်မှာ - "သူဆင်း ရဲအမျိုးသမီးတစ်ဦးသည် သူမ၏ သမီးကလေး နှစ်ဦးကို ပွေ့ချီလျက် ကျွန်မထံ ရောက်လာခဲ့သည်။ ကျွန်မက သူမအား စားရန် ရည်ရွယ်၍ စွန်ပလွံသီး သုံးလုံး ပေးခဲ့သည်။ သူမက သူမ၏သမီးကလေးနှစ်ဦးအား စွန်ပလွံသီးတစ်လုံးစီပေးခဲ့ပြီး ကျန်တစ်လုံးကို မိမိကိုယ်တိုင် စားရန်ပါးစပ်ဆီသို့ ယူလာခဲ့သည်။ ထိုအချိန်တွင် သူမ၏သမီးကလေးနှစ်ဦးက ထိုစွန်ပလွံသီးအား ( စားလိုသည့်အနေဖြင့် )သူမထံတောင်းခံကြသည်။ ထိုအခါ မိခင်က စွန်ပလွံသီးကို နှစ်ပိုင်းခွဲကာ ကလေးနှစ်ဦးကြား (ခွဲဝေပေးလိုက်သည်။)သူမ၏ ဤလုပ်ရပ်သည် အာအိရှဟ်သခင်မအား အံ့သြစေခဲ့သည်။ သခင်မက သူမလုပ်ခဲ့သည့်လုပ်ရပ်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြခဲ့ပြီးသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားခဲ့သည်- အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် သူမ၏ ဤလုပ်ရပ်ကြောင့် သူမအတွက် ဂျန္နတ်သုခဘုံကို ဝါဂျိဗ်အဖြစ်သတ်မှတ် (သေချာစေတော်မူ )ခဲ့သည်။ သို့မဟုတ် ဂျဟန္နမ်ငရဲမှ လွတ်မြောက်ခွင့် ပေးသနားတော်မူခဲ့သည်။'