+ -

عَنْ طَاوُسٍ أَنَّهُ قَالَ: أَدْرَكْتُ نَاسًا مِنْ أَصْحَابِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُونَ كُلُّ شَيْءٍ بِقَدَرٍ، قَالَ: وَسَمِعْتُ عَبْدَ اللهِ بْنَ عُمَرَ رضي الله عنهما يَقُولُ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«كُلُّ شَيْءٍ بِقَدَرٍ، حَتَّى الْعَجْزِ وَالْكَيْسِ، أَوِ الْكَيْسِ وَالْعَجْزِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2655]
المزيــد ...

သွာဝုစ်က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကတော်အချို့နှင့် ဆုံတွေ့ခဲ့သည်။ ၎င်းတို့အားလုံးက အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာသည်ဟူ၍သာ ပြောဆိုကြသည်။ ဆင့်ပြန်သူက ပြောကြားခဲ့သည်။ ကျွန်တော်သည် အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) ပြောကြားသည်ကို ကြားသိခဲ့ရသည်။ ၎င်းကပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အရာရာတိုင်းသည်သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာခြင်းဖြစ်၏။ မစွမ်းဆောင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သို့မဟုတ် စွမ်းဆောင်နိုင်ခြင်းနှင့် မစွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2655]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာသည်။ မစွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မစွမ်းဆောင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တာဝန်မကျေပွန်ခြင်း၊ အချိန်ဆွဲခြင်း၊ တာဝန်ကို သတ်မှတ်ထားသည့်အချိန်ထက် နောက်ဆိုင်းခြင်း စသည်တို့ကို ဆိုလိုသည်။ ထို့အတူ စွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။စွမ်းဆောင်နိုင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တက်ကြွစွာဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လိမ္မာမှုရှိခြင်း စသည်တို့ကို ဆိုလိုသည်။ အလ္လာဟ်အရှင်မြတ်သည် စွမ်းဆောင်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း အပါအ၀င် အရာရာတိုင်းကို ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မည်သည့်ကိစ္စမဆို အလ္လာဟ်အရှင်မြတ်၏ ‘အိလ်မ်’ အသိပညာတော်နှင့် အရှင်မြတ်၏ အလိုတော်မရှိဘဲ မဖြစ်ပေါ်လာနိုင်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သက္ကဒီရ် သတ်မှတ်ချက်နှင့်ပတ်သက်၍ ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ ယုံကြည်ချက်ကို ဖော်ပြထားသည်။
  2. အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာခြင်းဖြစ်၏။ မစွမ်းဆောင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သက္ကဒီရ်သတ်မှတ်ချက်အတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်၏။
  3. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်အား အလွန်ပင်တိကျခိုင်မာစွာနှင့် စေ့စပ်ကျနစွာ ဆင့်ပြန်ကြောင်း သိရှိရသည်။
  4. အကောင်း၊ အဆိုးဟူသ၍ကို ရေးဆွဲသတ်မှတ်ထားပြီးဖြစ်ကြောင်း အီမာန်သက်ဝင်ယုံကြည်ရမည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍