عَنْ عَبْدِ اللهِ بْنِ عَمْرِو بْنِ الْعَاصِ، قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُ: "كَتَبَ اللهُ مَقَادِيرَ الْخَلَائِقِ قَبْلَ أَنْ يَخْلُقَ السَّمَاوَاتِ وَالْأَرْضَ بِخَمْسِينَ أَلْفَ سَنَةٍ، قَالَ: وَعَرْشُهُ عَلَى الْمَاءِ".
[صحيح] - [رواه مسلم]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အားစ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။ကိုယ်တော်က မိန့်တော်မူသည်မှာ- အရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများ၏ သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့၏။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအားမဖန်ဆင်းမီ နှစ်ပေါင်းငါးသောင်းအလျင်ကပင် အဖန်ဆင်းခံအားလုံး၏ သက္ကဒီရ်သတ်မှတ်ချက်များနှင့် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို ‘လောင်ဟိမဟ်ဖူဇ်’သင်ပုန်း၌ ရေးမှတ်တော်မူထားပြီးဖြစ်သည်။ ထိုအရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏ဟူသည့် ကိုယ်တော်၏ မိန့်ကြားချက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်သည့် (ထိုအရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိခဲ့လေသည်။) ကုရ်အာန် (၁၁:၇)နှင့် ကိုက်ညီပေသည်။ထိုသို့ ရေးမှတ်ထားခြင်းအပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်းသည် သက္က်ဒီရ် သတ်မှတ်ချက်နှင့်ဆုံးဖြတ်ချက်တို့အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း၏ ကဏ္ဍများအနက်မှ ကဏ္ဍတစ်ခုဖြစ်ပြီး ၎င်း၏အပြည့်စုံဆုံးအဆင့်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို မိမိ၏ ‘အိလ်မ်’အသိတော်ဖြင့် အသေးစိတ်သိရှိတော်မူကြောင်း ယုံကြည်ခြင်း၊ အရှင်မြတ်၏အလိုတော်၊ အရှင်မြတ်၏ဆန္ဒတော်နှင့် အရှင်မြတ်၏အလိုတူမှု၊ အရှင်မြတ်၏ဖန်ဆင်းမှုမရှိဘဲ မည်သည့်အဖန်ဆင်းခံမျှမဖြစ်ပေါ်နိုင်ကြောင်းသက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ‘သက္က်ဒီရ်’ သတ်မှတ်ချက်ကို အတည်ပြုထားသည်။
  2. အဖန်ဆင်းခံများ၊ မိုးကောင်းကင်များနှင့် မြေပထဝီတို့အား မဖန်ဆင်းမီကပင် သက္ကဒီရ်သတ်မှတ်ချက်အား ‘လောင်ဟိမဟ်ဖူဇ်’သင်ပုန်း၌ ရေးမှတ်ထားပြီးဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်၏(အရ်ရှ်) ပလ္လင်တော်သည် ရေပေါ်၌ရှိကြောင်း အသိပေးထားသည်။
ထပ်၍