عن عبد الله بن عباس رضي الله عنهما قال: كنت خلف النبي صلى الله عليه وسلم يوماً فقال يا غلام، إني أعلمك كلمات: «احْفَظِ اللهَ يحفظْك، احفظ الله تَجِدْه تُجَاهَك، إذا سألت فاسأل الله، وإذا اسْتَعَنْتَ فاسْتَعِن بالله، واعلمْ أن الأمةَ لو اجتمعت على أن ينفعوك بشيء لم ينفعوك إلا بشيء قد كتبه الله لك، وإن اجتمعوا على أن يَضرُّوك بشيء لم يَضرُّوك إلا بشيء قد كتبه الله عليك، رفعت الأقلام وجفت الصحف». وفي رواية: «احفظ الله تَجِدْه أمامك، تَعرَّفْ إلى الله في الرَّخَاء يَعرِفْكَ في الشِّدة، واعلم أنَّ ما أخطأَكَ لم يَكُنْ ليُصِيبَكَ، وما أصَابَكَ لم يَكُنْ لِيُخْطِئَكَ، واعلم أن النصرَ مع الصبرِ، وأن الفرجَ مع الكَرْبِ، وأن مع العُسْرِ يُسْرًا».
[صحيح] - [رواه الترمذي وأحمد بروايتيه]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့ သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မ ယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့ သွားပြီ ဖြစ်သည်။ အခြားဆင့်ပြန်ချက် တစ်ရပ်တွင် လာရှိသည်မှာ- (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ ချောင်လည်သောအချိန်၌ အလ္လာဟ်အရှင်မြတ်အား သတိရပါ။ သင်အခက်အခဲဖြစ်နေချိန်တွင် အရှင်မြတ်သည် သင့်အားသတိရတော်မူလိမ့်မည်။) အသင်ကောင်းစွာမှတ်သားပါ၊ သင့်အတွက် မသတ်မှတ်ထားသော အရာသည် သင့်ထံသို့ ဆိုက်ရောက်လာမည် မဟုတ်သလို၊ သင့်အတွက် သတ်မှတ်ထားသော အရာသည်လည်း သင့်ထံမှ လွဲချော်သွားမည် မဟုတ်ပေ။ အသင်ကောင်းစွာမှတ်သားပါ၊ ဧကန်အမှန်ပင် သည်းခံခြင်းနှင့်အတူ အကူအညီရှိသည်၊ ကျပ်တည်းမှုနှင့်အတူ ချောင်လည်မှုရှိသည်၊ခက်ခဲမှုနှင့်အတူ လွယ်ကူမှုရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

ဤကြီးကျယ်လှသော ဟဒီးဆ်တော်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလွန်အရေးကြီးလှသည့် မှာတမ်းစကားများကို လူငယ်တစ်ဦးဖြစ်သည့် အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)အား ပြောကြားတော်မူခဲ့သည်။ ယင်းမှာတမ်းစကား၌ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် တားမြစ်ချက်များကို အခြေနေတိုင်း၊ အချိန်အခါတိုင်းတွင် ထိန်းသိမ်းလိုက်နာရန် ပါဝင်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား ငယ်ရွယ်စဉ်၌ပင် ယုံကြည်ချက် မှန်ကန်စေရန် ပြုပြင်ပေးတော်မူသည်။ ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်မှအပ ဖန်ဆင်းရှင်ဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ စွမ်းဆောင်နိုင်သူဟူ၍မရှိ၊ အရေးကိစ္စအဝဝကိုအရှင်မြတ်နှင့်အတူ စီမံခန့်ခွဲသူဟူ၍ အလျင်းမရှိ၊ ကျွန်နှင့် ၎င်း၏အရှင်သခင်ကြား၌ ယုံပုံအားကိုးခြင်းနှင့်၊ လိုအပ်ချက်များကို တောင်းခံရာတွင် ကြားခံဟူ၍မရှိပေ။ ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်သည် အခက်အခဲဒုက္ခများ ကျရောက်ချိန်တွင် မျှော်လင့်အားကိုးရသော အရှင်ဖြစ်ပြီး၊ ပြစ်ဒဏ်များဆိုက်ရောက်ချိန်တွင် ခွင့်လွှတ်ချမ်းသာမှုအတွက် တမ်းတမျှော်လင့်ရသော အရှင်ဖြစ်သည်။ တမန်တော်မြတ်(အလိုင်ဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ် သတ်မှတ်ချက်နှင့် အရှင်မြတ်၏ ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်းတို့အား အစ်ဗနုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) ၏ စိတ်နှလုံးသား၌ ထည့်သွင်းပေးခဲ့သည်။ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ အရာရာတိုင်းသည် အရှင်မြတ်၏သတ်မှတ်ချက်နှင့် ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ပျက်နေသည်။လူသား၏လက်ထဲ၌ ၎င်းတို့အလိုရှိရာကိုအကောင်ထည် ဖော်နိုင်စွမ်းမရှိပေ။ သို့သော် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိမှသာလျှင် ထိုအရာတို့ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစီးအနင်း တိရစ္ဆာန်သည် ထမ်းနိုင်ပါက ၎င်းအပေါ်တွင် နောက်မှ အခြားသူတစ်ဦးကို တင်၍ စီနင်းခွင့်ရှိသည်။
  2. တပည့်အနေဖြင့် သင်ကြားမည့်အကြောင်းအရာအပါ် သိချင်စိတ်ပြင်းပြလာစေရန်နှင့် စိတ်ဝင်စားမှုရှိလာစေရန်အတွက် ဆရာသည် လက်တွေ့မသင်ကြားမီအလျင် တပည့်အား မိမိအား သင်ကြားပေလိုကြောင်း ကြိုတင်ပြောပြရမည်။
  3. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိထက်ငယ်ရွယ်သူအား နူးညံ့သိမ်မွေ့စွာပင် ဆက်ဆံတော်မူသည်။ ကိုယ်တော်သည် မိန့်ကြားသည့်အခါတွင် “အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့ သောစကားရပ်များကို သင်ပေးတော်မူမည်။”ဟု ပြောကြားခဲ့သည်။
  4. အစ်ဗ်နုအဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟုမာ) ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။၎င်းမှာ တမန်တော်မြတ်သည် သူ့အား အသက်ငယ်ရွယ်စဥ်၌ပင် ဤကဲ့သို့သော ဆုံးမစကားမျိုးနှင့် ထိုက်တန်သူဟု မြင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
  5. တစ်ခါတစ်ရံ အကျိုးရလဒ်သည် လုပ်ရပ်အမျိုးအစား အတိုင်းပင်ရရှိသည်။
  6. အလ္လာဟ်အရှင်မြတ်အပေါ် မှီခိုအားထားရန်နှင့် အရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှ ယုံပုံအားကိုးခြင်းမပြုရန် အမိန့်ပေးထားသည်။ ထိုအရှင်မြတ်သည် အကောင်းဆုံး ယုံပုံအားထားရာ အရှင်ဖြစ်တော်မူသည်။
  7. အဖန်ဆင်းခံအားလုံး၏ မတတ်စွမ်းနိုင်မှုနှင့် ၎င်းတို့သည် ကြီးကျယ် မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်ကိုသာ လိုလားအားထားနေရကြောင်း တင်ပြထားည်။
  8. ဤလောကီဘဝသည် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည့် နေရာဌာနဖြစ်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် ၎င်းဒုက္ခများအပေါ် ဆွဗရ် သည်းခံမှုတရား ထားရှိရန်လိုအပ်သည်။
  9. အရှင်မြတ်၏ ဆုံးဖြတ်ချက်နှင့် သက္ကဒီရ် သတ်မှတ်ချက်ကို ကျေနပ်နှစ်သက်ရမည်။
  10. အကြင်သူသည် အလ္လာဟ်အရှင်မြတ်အား လျစ်လျူရှုခဲ့လျှင် (ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ ဒီးန်သာသနာတော်အား လျစ်လျူရှုခဲ့လျှင်) အလ္လာဟ်အရှင်မြတ်သည်လည်း ထိုသူအား လျစ်လျူရှုတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်တော်မူမည် မဟုတ်ပေ။
  11. အကြင်သူသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံ၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့လျှင် အရှင်မြတ်သည် ၎င်းအားလမ်းမှန်တရား ချီးမြှင့်ပြီး ကောင်းမြတ်သောအရာကို ညွှန်ကြားပြသတော်မူမည်။
  12. ကြီးကျယ်လှသည့် သတင်းကောင်းတစ်ခုမှာ ဧကန်အမှန်လူသားထံ အခက်အခဲ ဆိုက်ရောက်လာပါက လွယ်ကူမှုကိုလည်း မျှော်လင့်စောင့်စားနေပါ။
  13. လူသားသည် ဒုက္ခအခက်အခဲများရင်ဆိုင်ရသည့်အခါနှင့် ချစ်ခင်နှစ်သက် ရသည့်အရာကို လက်လွတ်ဆုံးရှုံးရသည့်အခါ ဟဒီးဆ်တော်တွင်လာရှိသော အဓိပ္ပါယ်နှစ်ခုအနက်မှ တစ်ခုဖြင့် ဖြေသိမ့်ရမည်ဖြစ်သည်။ ၎င်းမှာ “သင့်အတွက် မသတ်မှတ်ထားသော အရာသည် သင့်ထံသို့ ဆိုက်ရောက်လာမည် မဟုတ်သလို၊ သင့်အတွက် သတ်မှတ်ထားသော အရာသည်လည်း သင့်ထံမှ လွဲချော်သွားမည် မဟုတ်ပေ။” ပထမဝါကျသည် မနှစ်မြို့ဖွယ်ရာနှင့် ကြုံတွေ့ရသည့်အခါတွင် ဖြေသိမ့်ရန်ဖြစ်ပြီး၊ ဒုတိယဝါကျသည် ချစ်ခင်နှစ်သက် ရသည့်အရာကို လက်လွတ်ဆုံးရှုံးရသည့်အခါတွင် ဖြေသိမ့်ရန်ဖြစ်သည်။
ထပ်၍