عَنْ مَطَرِ بْنِ عُكَامِسٍ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: (إِذَا قَضَى اللَّهُ لِعَبْدٍ أَنْ يَمُوتَ بِأَرْضٍ جَعَلَ لَهُ إِلَيْهَا حَاجَةً).
[صحيح] - [رواه الترمذي]
المزيــد ...

မသွရ်ဗင်န်အုကာမိစ်က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား တစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

ဟဒီးဆ်တော်၏ အလိုသဘောမှာ- ‘အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား လောက၌ ၎င်း၏နောက်ဆုံးထွက်သက်ကို ၎င်းမရှိသည့် နေရာတစ်နေရာ၌ သတ်မှတ်ခဲ့ပါက’ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုနေရာ၌ သေဆုံးရန် အလိုရှိခဲ့လျှင်၊ ဆုံးဖြတ်ခဲ့လျှင်၊ အမိန့်ချမှတ်ခဲ့လျှင် အရှင်မြတ်သည် ၎င်းအား ထိုနေရာသို့သွားရောက်ရန် လိုအပ်ချက် တစ်စုံတစ်ရာ ဖြစ်ပေါ်စေတော်မူသည်။ သို့ဖြစ်၍ ၎င်းသူသည် ယင်းနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ အသက်နှုတ်သိမ်းခြင်းခံရသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည်မှာ (ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သေခြင်းတရားနှင့်ပတ်သက်၍ အစဉ်သတိရှိနေစေရန်နှင့် ကောင်းမှုများကျင့်ဆောင်ကာ သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေးနှိုးဆော်ထားသည်။
  2. အရာရာတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်၊ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထပ်၍