عَنْ مَطَرِ بْنِ عُكَامِسٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«إِذَا قَضَى اللَّهُ لِعَبْدٍ أَنْ يَمُوتَ بِأَرْضٍ جَعَلَ لَهُ إِلَيْهَا حَاجَةً».

[صحيح] - [رواه الترمذي] - [سنن الترمذي: 2146]
المزيــد ...

မသွရ်ဗင်န် အုကာမိစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအားတစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။

[صحيح] - [رواه الترمذي] - [سنن الترمذي - 2146]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား ၎င်းမရှိသည့်နေရာတွင် ကွယ်လွန်သေဆုံးရန် သတ်မှတ်၊ဆုံးဖြတ်ထားပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာသို့သွားရောက်ရန် လိုအပ်ချက်ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းသူသည် ယင်းနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ အသက်နှုတ်သိမ်းခြင်းခံရသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်သည် ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ် မိန့်ကြားထားသည့် (ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။)ဟူသော အာယသ်တော်ကို ထောက်ခံလျက်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (66)
ထပ်၍