+ -

عن أبي هريرة، قال: قال رسول الله صلى الله عليه وسلم: «من كذب علي متعمدا فليتبوأ مقعده من النار».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့်မဟုတ်မမှန်မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူထားသည့် အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင်ဟူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့ခြင်းမရှိသော၊ ပြုလုပ်ခဲ့ခြင်းမရှိသောအရာကို တမန်တော်မြတ်က ပြောဆိုခဲ့သည် သို့မဟုတ် ပြုလုပ်ခဲ့သည်ဟု တမင်ရည်ရွယ်၍ လိမ်လည်ပြောဆိုခြင်းကို ဆိုလိုသည်။ အကယ်၍ တမင်သိလျက်နှင့်မဟုတ်ဘဲ မေ့လျော့၍ဖြစ်စေ၊ မှား၍ဖြစ်စေ ပြောဆိုမိသူသည် အပြစ်မထိုက်ကြောင်းကို သာသနာ့ပညာရှင်များအားလုံး တညီတညွတ်တည်းအဆိုပြုထားကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားခဲ့သည့် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါဟူသည် ၎င်းသည် ဂျဟန္နမ်ငရဲဘုံကို မိမိနေထိုင်ရာနေရာအဖြစ် သတ်မှတ်လိုက်ပါ။ ဧကန်မုချ ငရဲမီးသည် ၎င်းနေထိုင်ရမည့် နေရာပင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ (မိမိ၏နေရာဌာနကိုငရဲမီးတွင်ပြုလုပ်ထားပါ။)ဟု အမိန့်ပေးသည့်စကားမျိုးဖြင့် မိန့်ကြားထားခြင်းသည် ခြိမ်းခြောက်ထားခြင်း သို့မဟုတ် အလ္လာဟ်အရှင်မြတ်က ၎င်းအား(ဂျဟန္နမ်ငရဲ၌) နေထိုင်စေတော်မူပါဟု ဆုတောင်းခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍ လိမ်လည်ပြောဆိုခြင်းသည် သာသနာတော်ကို ပြောင်းလဲပစ်ခြင်း၊ ရှရီအဟ်တရားလမ်းစဉ်ကို ဖျက်ဆီးပစ်ခြင်း၊ လုပ်ဆောင်မှုများတွင် ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပြီး ပြောဆိုသည့်စကားတိုင်းသည် ခိုင်မာသည့်သက်သေအထောက်အထားဖြစ်သည့် အလွန်မြင့်မြတ်သည့် နဗီတမန်တော်တစ်ပါး ပြောဆိုခဲ့ခြင်း၊ လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အရာကို ထိုတမန်တော် ပြောဆိုခဲ့သည်၊ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဟဒီးဆ်တစ်ပုဒ်၏ခိုင်လုံမှုကို မစစ်ဆေးမီအလျင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်ဩဝါဒတော်ဖြစ်သည်ဟူ၍ ပြောဆိုခွင့်မရှိသကဲ့သို့ ဟဒီးဆ်တော်တစ်ပုဒ်၏ ခိုင်လုံမှုကို မစစ်ဆေးဘဲ ထိုဟဒီးဆ်မှ လူတို့အားသတိပေးတားမြစ်ရန်အတွက် တင်ပြခွင့်မရှိပေ။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ တူရကီ ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် ဟောက်ဆာ တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ السويدية الأمهرية الغوجاراتية القيرقيزية النيبالية اليوروبا الدرية الصومالية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်၍ လိမ်လည်ခြင်းသည် အခြားသူများကို လိမ်လည်ခြင်းနှင့်မတူပေ။ အဆိုးဆုံးမှာဤသည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လိမ်လည်ခြင်းပင်ဖြစ်ပေသည်။
  2. မမှန်ကန်သောဟဒီးဆ်များကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်များဟု မသတ်မှတ်မိစေရန်အတွက် ဟဒီးဆ်တော်များ၏ စစ်မှန်ခိုင်လုံမှုကို စစ်ဆေးရန်လိုအပ်ပေသည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မုသားပြောဆိုခြင်းသည် ဂျဟန္နမ်သို့ဝင်ရောက်ရမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
  4. ဟဒီးဆ်တစ်ပုဒ်၏ စစ်မှန်မှုကို မစစ်ဆေးမီအလျင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်ဟူ၍ သတ်မှတ်ခွင့်မရှိပေ။ သို့သော် မေ့၍ဖြစ်စေ၊ မှား၍ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ မရည်ရွယ်ဘဲ မုသားပြောဆိုမိသူသည် အထက်ပါခြိမ်းခြောက်မှုတွင် မပါဝင်ပေ။
ထပ်၍