အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် ၎င်းသည် သူနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
عربي အင်္ဂလိပ် ပြင်သစ်
ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသော အရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြကုန်။
عربي အင်္ဂလိပ် ပြင်သစ်
အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင်ထိုသူသည် မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
عربي အင်္ဂလိပ် ပြင်သစ်
ငါကိုယ်တော်၏ အွမ္မသ်ထဲ၌ နောက်ပိုင်းတွင် လူတစ်ချို့ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည် အသင်တို့နှင့် အသင်တို့ဘိုးဘွားများပင် မကြားဘူးသောအရာများကို အသင်တို့အားပြောဆိုတင်ပြကြလိမ့်မည်။
عربي အင်္ဂလိပ် ပြင်သစ်
အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
عربي အင်္ဂလိပ် ပြင်သစ်