عَنْ ‌أَبِي هُرَيْرَةَ عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ:
«سَيَكُونُ فِي آخِرِ أُمَّتِي أُنَاسٌ يُحَدِّثُونَكُمْ مَا لَمْ تَسْمَعُوا أَنْتُمْ وَلَا آبَاؤُكُمْ، فَإِيَّاكُمْ وَإِيَّاهُمْ».

[صحيح] - [رواه مسلم] - [صحيح مسلم: 6]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်၏ အွမ္မသ်ထဲ၌ နောက်ပိုင်းတွင် လူတစ်ချို့ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည်အသင်တို့နှင့် အသင်တို့ဘိုးဘွားများပင် မကြားဘူးသောအရာများကို အသင်တို့အားပြောဆိုတင်ပြကြလိမ့်မည်။ သို့ဖြစ်၍ အသင်တို့သည် ၎င်းတို့နှင့်ဝေးဝေးနေကြကုန်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 6]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအွမ္မသ်၌ နောက်ပိုင်းတွင် မုသားစကားပြောသူများပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် မိမိတို့အရင်က မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုခဲ့သော လုပ်ကြံဖန်တီးထားသည့် ဟဒီးဆ်များကို ဆင့်ပြန်ကြမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ၎င်းတို့နှင့်ဝေးစွာရှောင်ကြဉ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့အပြင် ထိုသို့ လုပ်ကြံဖန်တီးထားသည့်စကားများသည် စိတ်ထဲ၌စွဲသွားကာ ဖယ်ထုတ်နိုင်စွမ်းမရှိခြင်းမျိုး မဖြစ်စေရန် ၎င်းတို့နှင့် အတူထိုင်ခြင်း၊ ၎င်းတို့၏ စကားများကို နားထောင်ခြင်းမပြုကြရန် အမိန့်ပေးတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်တွင် ကိုယ်တော်မြတ် နဗီတမန်တော်ဖြစ်ကြောင်း သက်သေလက္ခဏာများအနက်မှ လက္ခဏာတစ်ခုပါရှိသည်။ ၎င်းမှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်ထဲတွင် မကြာမီဖြစ်ပေါ်လာမည့်ကိစ္စရပ်တစ်ခုကို အသိပေးမိန့်ကြားတော်မူခဲ့ပြီး ထိုကိစ္စသည် ကိုယ်တော်မိန့်ကြားခဲ့သည့်အတိုင်း ဖြစ်ပေါ်လာသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍လည်း ကောင်း၊ အစ္စလာမ်သာသနာနှင့်ပတ်သက်၍လည်းကောင်း လိမ်လည်ပြောဆိုသူကို ဝေးစွာရှောင်ကြဉ်ရမည်ဖြစ်ပြီး ၎င်းတို့၏ မုသားစကားများကို နား ထောင်ခြင်းမပြုရပါ။
  3. ဟဒီးဆ်တော်များအား မှန်ကန်ခိုင်လုံကြောင်း မစစ်ဆေးမီအလျင် လက်ခံခြင်း၊ ဖြန့်ချိခြင်းတို့ မပြုလုပ်ရန် သတိပေးတားမြစ်ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (57)
ထပ်၍