عن عبد الله بن عمرو قال: كنتُ أكتبُ كلَّ شيء أسمعه من رسول الله صلى الله عليه وسلم أريد حفظه، فنهتني قريش، وقالوا: أتكتب كل شيء تسمعه من رسول الله صلى الله عليه وسلم ورسول الله صلى الله عليه وسلم بشر يتكلم في الغضب والرضا؟ فأمسكت عن الكتاب، فذكرت ذلك لرسول الله صلى الله عليه وسلم، فأومأ بإصبعه إلى فيه، فقال: "اكتب، فوالذي نفسي بيده، ما يخرج منه إلا حق".
[صحيح] - [رواه أبو داود]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာအသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက်ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူဒါဝူဒ်ကျမ်း။

ရှင်းလင်းချက်

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ ကျွန်တော်သည်အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှကြားသိခဲ့ရသမျှကို ကျက်မှတ်ရန်အတွက် ရေးသားလေ့ရှိခဲ့သည်။ ထိုသို့ရေးသားခြင်းကို ကုရိုင်ရှ်အမျိုးသားတို့က ကျွန်ုပ်အား တားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ကြားသိသမျှကို အဘယ်ကြောင့်ရေးမှတ်နေပါသနည်း။ အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဒေါသထွက်သောအခါမျိုးနှင့် စိတ်ကျေနပ်နေသောအခါမျိုးတွင်စကားပြောဆိုလေ့ရှိတတ်သော လူသားတစ်ဦးဖြစ်ပေရာ တစ်ခါတစ်ရံ မှားသွားနိုင်သည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သည် ရေးမှတ်ခြင်းကိုရပ်ဆိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် မိမိအားပြောလိုက်သည့် စကားကြောင့် သက်ရောက်မှုဖြစ်တတ်သည်။ ကျွန်တော်သည် ၎င်းတို့ပြောကြားသည့်စကားများကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အားမိမိ၏လက်ချောင်းဖြင့်ညွှန်ပြ၍မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် စိတ်ကျေနပ်သည်ဖြစ်စေ၊ ဒေါသထွက်သည်ဖြစ်စေ အမှန်ကိုသာပြောဆိုကြောင်း ရှင်းပြတော်မူခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ထုတ်ပြန်ပို့ချခဲ့သောအရာအားလုံးကို ပို့ချရာတွင်‘မအ်ဆူးမ်’အမှားကင်းသူပင်ဖြစ်သည်။ ကိုယ်တော့်ထံမှ ထွက်ပေါ်လာသော ကိစ္စရပ်တိုင်းသည် အမှန်တရားပင်ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က ဤသို့ပြောမည်။ ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်း အမှတ်(၂၃၆၃)တွင် လာရှိထားသည်မှာ "c2">“တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝတ်မှုံကူးသည့်အလုပ်ကို လုပ်နေသူများအနီးမှ ဖြတ်သန်းသွားသည့်အခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကယ်၍ အသင်တို့ဤသို့မပြုကြလျှင်ကောင်းမည်ဟု မိန့်တော်မူခဲ့သည်။ ထိုအခါ အလွန်အရည်အသွေးညံ့သော အသီးများသီးလာသည်။ ကိုယ်တော်သည် (နောက်တစ်ကြိမ်)၎င်းတို့၏အနီးမှ ဖြတ်သန်းသွားသည့်အခါ အသင်တို့၏ စွန်ပလွံပင်သည် မည်သို့ဖြစ်သွားလေသနည်းဟု မေးမြန်တော်မူခဲ့သည်။ ၎င်းတို့က ကိုယ်တော် ဤသို့ဤသို့ မိန့်ကြားခဲ့သောကြောင့် (ဝတ်မှုံမကူးဘဲထားလိုက်ပါသည်)ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့သည် အသင်တို့၏လောကီရေးနှင့်ပတ်သက်၍ အသိဆုံးပင်ဖြစ်ကြသည်။” ဤဟဒီးဆ်နှင့်စပ်လျဥ်း၍အဖြေပေးရမည်ဆိုလျှင် ဤဟဒီးဆ်တော်တွင် အချက်နှစ်ချက်ပါရှိသည်။ ၎င်းတို့မှာ (၁) ဤမိန့်ကြားချက်သည် ထိုဖြစ်ရပ်နှင့်သာ သီးသန့်သက်ဆိုင်ပြီး အရေးကိစ္စအားလုံးအတွက် မဟုတ်ပါ။ (၂) ဤသည် ရှရီအဟ်၏ အမိန့်ထုတ်ပြန်နေခြင်း မဟုတ်ပါ။ ဤအချက်နှစ်ချက်နှင့် မသက်ဆိုင်သော ကိစ္စရပ်တိုင်းသည် (ကိုယ်တော်၏ စကားရပ်အားလုံး မှန်ကန်သည်ဟူ၍) အထက်တွင် ဖော်ပြထားသည့် ယေဘုယျအချက်တွင် အကျုံးဝင်ပေသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စိတ်ကျေနပ်နေသည့်အခါတွင်ဖြစ်စေ၊ ဒေါသထွက်သည့်အခါတွင်ဖြစ်စေ မိမိ၏အရှင်မြတ်ထံတော်မှ ထုတ်ပြန်ပို့ချခဲ့သောအရာအားလုံးကို ပို့ချရာတွင် အမှားကင်းသူပင်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်၌ လက်တော် ရှိကြောင်းကို “သမ်ဆီလ်” ပမာခိုင်းနှိုင်းခြင်း၊ “သဟ်ရီးဖ်” အဓိပ္ပါယ်ပြောင်းလဲ သတ်မှတ်ခြင်းစသည်တို့မပါရှိဘဲ အတည်ပြုထားသည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကအချို့ကို ဟဒီးဆ်တော်များအားရေးမှတ်ရန် အမိန့်ပေးခဲ့သည်။
  4. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ပညာသင်ယူဆည်းပူးရန် စိတ်အားထက်သန်ကြသည်။
အမျိုးအစားများ
ထပ်၍