عن عَمْرُو بْنُ عَامِرٍ عَنْ ‌أَنَس بن مالك قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَوَضَّأُ عِنْدَ كُلِّ صَلَاةٍ، قُلْتُ: كَيْفَ كُنْتُمْ تَصْنَعُونَ؟ قَالَ: يُجْزِئُ أَحَدَنَا الْوُضُوءُ مَا لَمْ يُحْدِثْ.

[صحيح] - [رواه البخاري] - [صحيح البخاري: 214]
المزيــد ...

အမ္မရ်ဗင်န်အာမိရ်က အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။ အမ္မရ်ဗင်န်အာမိရ်က အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)အား အသင်တို့မည်သို့ပြုလုပ်ကြသနည်းဟု မေးမြန်းခဲ့ရာ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ ကျွန်တော်တို့ထဲမှ တစ်ဦးယောက်သည် ဝုဿွူမပျက်မချင်း ဝုဿွူတစ်ခုဖြင့်သာ လုံလောက်သွားပေသည်။

[صحيح] - [رواه البخاري] - [صحيح البخاري - 214]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူမပျက်လျှင်လည်း ဖရ်ဿ်ွဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုရခြင်းမှာ အကျိုးကုသိုလ်နှင့် ထွတ်မြတ်မှုကို ရရှိရန်အတွက်ဖြစ်သည်။
ဝုဿွူတစ်ကြိမ်ပြုပြီး ယင်းဝုဿွူရှိနေသမျှ ကာလပတ်လုံး ဖရ်ဿ်ွဆွလာသ်ပေါင်းများစွာ ဝတ်ပြုခွင့်ရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အများအားဖြင့် ဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ဤသို့ပြုရခြင်းမှာ ပို၍ပြည့်စုံမှုရှိစေရန်အတွက်ဖြစ်သည်။
  2. ဆွလာသ်တိုင်းအတွက် ဝုဿွူပြုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  3. ဝုဿွူတစ်ကြိမ်ပြုပြီး ဆွလာသ်အကြိမ်များစွာ ဆောက်တည်ခွင့်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (61)
ထပ်၍