عن عَمْرُو بْنُ عَامِرٍ عَنْ أَنَس بن مالك قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَوَضَّأُ عِنْدَ كُلِّ صَلَاةٍ، قُلْتُ: كَيْفَ كُنْتُمْ تَصْنَعُونَ؟ قَالَ: يُجْزِئُ أَحَدَنَا الْوُضُوءُ مَا لَمْ يُحْدِثْ.
[صحيح] - [رواه البخاري] - [صحيح البخاري: 214]
المزيــد ...
အမ္မရ်ဗင်န်အာမိရ်က အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။ အမ္မရ်ဗင်န်အာမိရ်က အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)အား အသင်တို့မည်သို့ပြုလုပ်ကြသနည်းဟု မေးမြန်းခဲ့ရာ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ ကျွန်တော်တို့ထဲမှ တစ်ဦးယောက်သည် ဝုဿွူမပျက်မချင်း ဝုဿွူတစ်ခုဖြင့်သာ လုံလောက်သွားပေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 214]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူမပျက်လျှင်လည်း ဖရ်ဿ်ွဆွလာသ်တိုင်းအတွက် ဝုဿွူပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုရခြင်းမှာ အကျိုးကုသိုလ်နှင့် ထွတ်မြတ်မှုကို ရရှိရန်အတွက်ဖြစ်သည်။
ဝုဿွူတစ်ကြိမ်ပြုပြီး ယင်းဝုဿွူရှိနေသမျှ ကာလပတ်လုံး ဖရ်ဿ်ွဆွလာသ်ပေါင်းများစွာ ဝတ်ပြုခွင့်ရှိသည်။