عَنِ ‌ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
تَوَضَّأَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مَرَّةً مَرَّةً.

[صحيح] - [رواه البخاري] - [صحيح البخاري: 157]
المزيــد ...

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို) တစ်ကြိမ်စီ (ဆေးကြောတော်မူသည်)

[صحيح] - [رواه البخاري] - [صحيح البخاري - 157]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်ခါတစ်ရံ ဝုဿွူလုပ်ရာ၌ အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောတော်မူသည်။ သို့ဖြစ်၍ မျက်နှာကို တစ်ကြိမ်ဆေးကြောတော်မူသည်။ (ယင်း၌ ပလုတ်ကျင်းခြင်း၊ နှာခေါင်းအတွင်းသို့ ရေရှူသွင်းခြင်းတို့ ပါဝင်သည်။) ထို့နောက် လက်နှစ်ဘက်နှင့် ခြေထောက်နှစ်ဘက်တို့ကို တစ်ကြိမ်စီ ဆေးကြောတော်မူသည်။ ဤသည် ဝုဿွူပိုင်ရန်အတွက် အနိမ့်ဆုံးအတိုင်းအတာပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောခြင်း ဖရ်ဿွ်ဖြစ်သည်။ တစ်ကြိမ်ထက်ပို၍ ဆေးကြောခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  2. ဝုဿွူပြုရာ၌ တစ်ခါတစ်ရံ အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောခြင်း ပြုပိုင်သည်။
  3. ဦးခေါင်းကို တစ်ကြိမ်သာ မစဟ်ပွတ်သပ်ရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (59)
ထပ်၍