عن ابن عباس قال: توضأ النبي صلى الله عليه وسلم مرة مرة.
[صحيح] - [رواه البخاري]
المزيــد ...

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌(အစိတ်အပိုင်းများကို) တစ်ကြိမ်စီ(ဆေးကြောတော်မူသည်)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူလုပ်ရာ၌ အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောတော်မူခဲ့သည်။ ဤသည် ဝုဿူပိုင်သည့် အနိမ့်ဆုံးအတိုင်းအတာပင်ဖြစ်သည်။ ဝုဿွူတွင် ဆေးကြောရမည့် အစိတ်အပိုင်းများမှာ မျက်နှာ၊ လက်နှစ်ဘက်၊ ခြေထောက်နှစ်ဘက်တို့ဖြစ်ပြီး မစဟ်ပြု ပွတ်သပ်ရမည့်အစိတ်အပိုင်းမှာ ဦးခေါင်းဖြစ်သည်။ ဤအကြောင်း အခြားဟဒီးဆ်တော်များတွင် အကျယ်တဝင့်ရှင်းလင်းတင်ပြထားသည်။

ဘာသာပြန်: အင်္ဂလိပ်
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ဝုဿွူပြုရာ၌ အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောခြင်းပြုပိုင်သည်။