عَنْ ‌عَبْدِ اللهِ بْنِ زَيْدٍ رضي الله عنه:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ تَوَضَّأَ مَرَّتَيْنِ مَرَّتَيْنِ.

[صحيح] - [رواه البخاري] - [صحيح البخاري: 158]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ ဆေးကြောတော်မူခဲ့၏။

[صحيح] - [رواه البخاري] - [صحيح البخاري - 158]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်ခါတစ်ရံ ဝုဿွူပြုရာတွင် အစိတ်အပိုင်းတိုင်းကို နှစ်ကြိမ်စီဆေးကြောတော်မူခဲ့သည်။ သို့ဖြစ်၍ မျက်နှာကို နှစ်ကြိမ်ဆေးကြောတော်မူသည်။ (ယင်း၌ ပလုတ်ကျင်းခြင်း၊ နှာခေါင်းအတွင်းသို့ ရေရှူသွင်းခြင်းတို့ ပါဝင်သည်။) ထို့နောက် လက်နှစ်ဘက်နှင့် ခြေထောက်နှစ်ဘက်ကို နှစ်ကြိမ်စီ ဆေးကြောတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစိတ်အပိုင်းတိုင်းကို တစ်ကြိမ်စီဆေးကြောခြင်း ဖရ်ဿွ်ဖြစ်သည်။ တစ်ကြိမ်ထက်ပို၍ ဆေးကြောခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  2. တစ်ခါတစ်ရံ ဝုဿွူပြုရာ၌ အစိတ်အပိုင်းတိုင်းကို နှစ်ကြိမ်စီဆေးကြောခွင့်ရှိသည်။
  3. ဦးခေါင်းကို တစ်ကြိမ်သာ မစဟ်ပြု ပွတ်သပ်ရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (59)
ထပ်၍