عن المقدام بن معدِيْكَرِب قال: قال رسول الله صلى الله عليه وسلم: (ألا هل عسى رجلٌ يبلغه الحديث عني وهو متكئ على أريكته فيقول: بيننا وبينكم كتاب الله، فما وجدنا فيه حلالًا استحللناه، وما وجدنا فيه حرامًا حرمناه. وإن ما حرم رسول الله كما حرم الله).
[صحيح] - [رواه أبو داود والترمذي وابن ماجه]
المزيــد ...

မိက္ကဒါမ်ဗင်န် မအ်ဒီကရိဗ်က ဆင့်ပြန်သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟလာလ်ဟုတွေ့ရသောအရာကို ဟလာလ်ဟုမှတ်ယူမည်။ ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟရာမ်ဟုတွေ့ရသောအရာကို ဟရာမ်ဟု မှတ်ယူမည်ဟု ပြောကြားလိမ့်မည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဟဒီးဆ်သြဝါဒတော်များကို အလေးအမြတ်မထားသည့် လူတစ်စုနှင့် ပတ်သက်၍ အသိပေးမိန့်ကြားခဲ့သည်။ ၎င်းတို့အနက် အချို့သည် တမန်တော်မြတ်၏ ဟဒီးဆ်တော်ကို သာသနာ့ အထာက်ထားအဖြစ်လက်ခံကျင့်သုံးခြင်း မရှိသလို ဦးထိပ်ထားခြင်းလည်းမရှိကြပေ။ ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်ထံ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဟဒီးဆ်တော်များအနက်မှ ဟဒီးဆ်တော် တစ်ပုဒ် ရောက်ရှိလာသည့်အခါ ၎င်းသည် မိမိ၏ ခုတင်ပေါ်တွင်မှီလျက်ရှိနေကာ ထိုဩဝါဒတော်အား ငြင်းပယ်လိုက်မည်။ ၎င်းက အသင်တို့နှင့်ကျွန်ုပ်တို့၏ ကြားတွင် ကုရ်အာန်ကျမ်းတော်မြတ်ရှိနေပြီး ထိုကျမ်းထဲတွင် ဟလာလ်ဟု တွေ့ရသော အရာကို ကျွန်ုပ်တို့ဟလာလ်ဟု မှတ်ယူမည်။ ထိုကျမ်းထဲ၌ ဟရာမ်ဟု တွေ့ရသောအရာကို ကျွန်ုပ်တို့ဟရာမ်ဟု မှတ်ယူမည် ဟုပြောကြားလိမ့်မည်။ ၎င်းသည် မိမိထံရောက်ရှိလာသော ဟဒီးဆ်တော်များကို ထောက်ခံခြင်း မရှိသလို လိုက်နာကျင့်သုံးခြင်းလည်းမရှိပေ။ သူသည် မိမိထင်မြင်ချက်ဖြင့် ကုရ်အာန်ကျမ်းတော်မြတ် တစ်ခုတည်းကိုသာ သာသနာ၏ ပင်မအထောက်ထားအဖြစ် သတ်မှတ်ထားသည်။ အကယ်၍ ၎င်းသည် ကုရ်အာန်ကျမ်းမြတ်အတိုင်း လိုက်နာကျင့်သုံးပါက တမန်တော်မြတ်၏ ဟဒီးဆ်တော်များကိုလည်း မုချလိုက်နာကျင့်သုံးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏အမိန့်ကိုနာခံရန် ကုရ်အာန်ကျမ်းမြတ်က အမိန့်ပေးထားသည်။ ကျွန်တော်တို့ထံ ကုရ်အာန်ကျမ်းတော်မြတ်ကို ပို့ချခဲ့သော ပုဂ္ဂိုလ်များကပင် ကျွန်တော်တို့ထံ ဟဒီးဆ်တော်များကို ပို့ချခဲ့ခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်တားမြစ်ထားသောအရာနှင့် အရှင်မြတ်၏ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အတူတူပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်၏ တားမြစ်ချက်သည် အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက် အနက်မှပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှတဆင့် ပြန်လည်ပို့ချသူပင်ဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိစိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့မရှိပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဟဒီးဆ်တော်များ၊ ကိုယ်တော်မြတ်၏ အမိန့်တော်များနှင့် တားမြစ်ချက်များကို ဂုဏ်ပေးလေးစားကာ လိုက်နာကျင့်သုံးရမည်။
  2. ဟဒီးဆ်တော်များကို ဂုဏ်ပေးလေးစားခြင်းသည် ကုရ်အာန်ကျမ်းတော်မြတ်ကိုဂုဏ်ပေးလေးစားခြင်းပင် ဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်တွင်ပါဝင်သည်။
  4. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဆန့်ကျင်ခြင်းသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ခြင်းပင် ဖြစ်သည်။
  5. ဟဒီးဆ်ကို ကျောခိုင်း၍ ကုရ်အာန်ကျမ်းမြတ်ဖြင့်သာ လုံလောက်ကြောင်း ပြောဆိုသူသည် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ် နှစ်မျိုးစလုံးကို ကျောခိုင်းသူ ကုရ်အာန်ကျမ်းမြတ်အား နောက်လိုက်ပါသည်ဟု လိမ်လည်ကြွေးကြော်သူသာဖြစ်သည်။
အမျိုးအစားများ
ထပ်၍