عَنْ أَنَسٍ قَالَ: جَاءَ رَجُلٌ إِلَى النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ فَقَالَ: يَا رَسُولَ اللَّهِ مَا تَرَكْتُ حَاجَةً وَلا دَاجَةً إِلا قَدْ أَتَيْتُ. قَالَ: "أَلَيْسَ تَشْهَدُ أَنْ لَا إِلَهَ إِلا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ" ثَلاث مَرَّاتٍ قَالَ: نَعَمْ قَالَ: "فَإِنَّ ذَلِك يَأْتِي على ذَلِك".
[صحيح] - [رواه أبو يعلى والطبراني والضياء المقدسي]
المزيــد ...

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ရာ ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်း(အပြစ်အကုသိုလ်) တို့ကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူယအ်လာ ဆင့်ပြန်ခဲ့သည်။

ရှင်းလင်းချက်

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ပြစ်မှုဒုစရိုက်တိုင်းကို ကျူးလွန်ခဲ့ပါသည်။ သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ အပြစ်ဟူသမျှကို ကျူးလွန်ခဲ့ပါသည်။ ကျွန်တော်မျိုးအတွက် သောင်ဗဟ် အမှားဝန်ချတောင်းပန်ခွင့် ရှိပါသလားဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုစကားကို သူ့အား သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ထိုအခါ၎င်းက ဟုတ်ကဲ့ ကျွန်တော်မျိုး သက်သေခံခဲ့ပါသည်ဟု ဖြေကြားခဲ့သည်။ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်းအပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ အစ္စလာမ်သာသနာနှင့် သောင်ဟီးဒ်တရားတော်တို့သည် ကာဖိရ်ဘဝ၌ရှိခဲ့စဉ် ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်တိုင်းကို ပယ်ဖျက်ပေးသည်။ ဟဒီးဆ်ဩဝါဒတော် တစ်ရပ်တွင်လာရှိသည်မှာ (ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့ကြရာ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (မြဲမြံစွာ ရပ်တည်ပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။) ဟဒီးဆ်တော်တွင် ပါရှိသည့် မကောင်းမှုကျူးလွန်ခဲ့လျှင်ဟူသည် အစ္စလာမ်ကို လက်ခံပြီးနောက် ဘာသာပျက်သွားခြင်းကို ဆိုလိုသည်။ အစ္စလာမ်သာသနာသည် အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးရန်အတွက် ထိုသူသည် အစ္စလာမ်သာသနာတော်အပေါ်၌ပင် ကွယ်လွန်သေဆုံးရမည်ဟူသည့် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ဤဟဒီးဆ်တော်၌ အထောက်အထားပါရှိသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ ကြီးကျယ်မှုနှင့် ထိုသက်သေခံခြင်းနှစ်ခုသည် အပြစ်အကုသိုလ်များထက် ပို၍အချိန်စီးကြောင်း သိရှိရသည်။
  2. အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သည့် အပြစ်များကို ပယ်ဖျက်ပေးသည်။ ထို့အတူ စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။
  3. သင်ကြားပေးရာ၌ ထပ်တလဲလဲ ပြောဆိုခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သင်ကြားမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။
ထပ်၍