عَنْ الزُّبَيْرِ بْنِ الْعَوَّامِ قَالَ:
لَمَّا نَزَلَتْ: {ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ} [التكاثر: 8]، قَالَ الزُّبَيْرُ: يَا رَسُولَ اللهِ، وَأَيُّ النَّعِيمِ نُسْأَلُ عَنْهُ، وَإِنَّمَا هُمَا الْأَسْوَدَانِ التَّمْرُ وَالْمَاءُ؟ قَالَ: «أَمَا إِنَّهُ سَيَكُونُ».
[حسن] - [رواه الترمذي وابن ماجه] - [سنن الترمذي: 3356]
المزيــد ...
ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - - [سنن الترمذي - 3356]
(ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ ထိုနေ့၌ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်က အသင်တို့အား ချီးမြင့်ထားသည့် စည်းစိမ်များနှင့်စပ်လျဉ်း၍ ကျေးဇူးသိတတ်ခဲ့ကြသလားဟု မကြာမီ အသင်တို့မေးမြန်းခြင်းခံရလိမ့်မည်ဖြစ်သည်။ အထက်ပါ အာယသ်တော် ကျရောက်လာသည့်အခါ ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ်(ရဿွိယလ္လာဟုအန်ဟု)က မေးမြန်းသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အလွန်တန်ဖိုးနည်းသည့်အတွက် စစ်ဆေးမေးမြန်းရန်ပင်မလိုအပ်သော နိအ်မသ်နှစ်ခုသာရှိပေသည်။ ၎င်းတို့မှာ စွန်ပလွံသီးနှင့်ရေ ဖြစ်သည်။
ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ ယခုလက်ရှိအခြေနေတွင်ရှိသည့် စည်းစိမ်နှင့်ပတ်သက်၍လည်း အသင်တို့ မုချမေးမြန်းခြင်းခံရလိမ့်မည်။ ၎င်းစည်းစိမ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များအနက်မှကြီးကျယ်လှသည့် စည်းစိမ်နှစ်ခုဖြစ်သည်။