عَنْ ‌الزُّبَيْرِ بْنِ الْعَوَّامِ قَالَ:
لَمَّا نَزَلَتْ: {ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ} [التكاثر: 8]، قَالَ الزُّبَيْرُ: يَا رَسُولَ اللهِ، وَأَيُّ النَّعِيمِ نُسْأَلُ عَنْهُ، وَإِنَّمَا هُمَا الْأَسْوَدَانِ التَّمْرُ وَالْمَاءُ؟ قَالَ: «أَمَا إِنَّهُ سَيَكُونُ».

[حسن] - [رواه الترمذي وابن ماجه] - [سنن الترمذي: 3356]
المزيــد ...

ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။

[حسن] - [رواه الترمذي وابن ماجه] - [سنن الترمذي - 3356]

ရှင်းလင်းချက်

(ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ ထိုနေ့၌ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်က အသင်တို့အား ချီးမြင့်ထားသည့် စည်းစိမ်များနှင့်စပ်လျဉ်း၍ ကျေးဇူးသိတတ်ခဲ့ကြသလားဟု မကြာမီ အသင်တို့မေးမြန်းခြင်းခံရလိမ့်မည်ဖြစ်သည်။ အထက်ပါ အာယသ်တော် ကျရောက်လာသည့်အခါ ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ်(ရဿွိယလ္လာဟုအန်ဟု)က မေးမြန်းသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အလွန်တန်ဖိုးနည်းသည့်အတွက် စစ်ဆေးမေးမြန်းရန်ပင်မလိုအပ်သော နိအ်မသ်နှစ်ခုသာရှိပေသည်။ ၎င်းတို့မှာ စွန်ပလွံသီးနှင့်ရေ ဖြစ်သည်။
ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ ယခုလက်ရှိအခြေ‌နေတွင်ရှိသည့် စည်းစိမ်နှင့်ပတ်သက်၍လည်း အသင်တို့ မုချမေးမြန်းခြင်းခံရလိမ့်မည်။ ၎င်းစည်းစိမ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များအနက်မှကြီးကျယ်လှသည့် စည်းစိမ်နှစ်ခုဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နိအ်မသ် စည်းစိမ်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရန် အလေးအနက်ထား ဖော်ပြထားသည်။
  2. နိအ်မသ် စည်းစိမ်သည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိယာမသ်နေ့၌ လူသားသည် ၎င်းတို့နှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (60)
ထပ်၍