အမျိုးအစား:

عَنْ أَبِي نَجِيحٍ العِرْبَاضِ بْنِ سَارِيَةَ رضي الله عنه قَالَ: وَعَظَنَا رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَوْعِظَةً وَجِلَتْ مِنْهَا القُلُوبُ، وَذَرَفَتْ مِنْهَا العُيُونُ، فَقُلْنَا: يَا رَسُولَ اللهِ! كَأَنَّهَا مَوْعِظَةُ مُوَدِّعٍ؛ فَأَوْصِنَا، قَالَ:
«أُوصِيكُمْ بِتَقْوَى اللَّهِ، وَالسَّمْعِ وَالطَّاعَةِ، وَإِنْ تَأَمَّرَ عَلَيْكُمْ عَبْدٌ، فَإِنَّهُ مَنْ يَعِشْ مِنْكُمْ بَعْدِي فَسَيَرَى اخْتِلَافًا كَثِيرًا، فَعَلَيْكُمْ بِسُنَّتِي وَسُنَّةِ الخُلَفَاءِ الرَّاشِدِينَ المَهْدِيينَ، عَضُّوا عَلَيْهَا بِالنَّوَاجِذِ، وَإِيَّاكُمْ وَمُحْدَثَاتِ الأُمُورِ؛ فَإِنَّ كُلَّ بِدْعَةٍ ضَلَالَةٌ».

[صحيح] - [رواه أبو داود والترمذي] - [الأربعون النووية: 28]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူ နဂျီဟ် အိရ်ဗာဿ်ွ ဗင်င်န် ဆာရိယဟ်(ရဿွိယလ္လာဟုအန်ဟု) မှဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား စိတ်နှလုံးများ တုန်လှုပ်စေပြီး မျက်ရည်များ ကျရောက်စေသည့် စိတ်နှလုံးကို နှိုးဆော်သော တရားစကား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ဤသည် နှုတ်ဆက်ခွဲခွါသူတစ်ဦးက ဆုံးမဩဝါဒတရားဟောကြား‌နေခြင်းကဲ့သို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား ညွှန်ကြားဆုံးမ ပေးသနားတော်မူပါ” ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က
“ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့။ ထိုစွန္နသ် ( စံနမူနာလမ်းစဉ် ) ကို သင်တို့၏အံသွားများဖြင့် ခိုင်မြဲစွာ ကိုက်ထားကြလေကုန်။ သတိပြုကြလေကုန်၊ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်ကူးထင်မြင်ချက်မှ ပေါ်ပေါက်လာသော အသစ်အဆန်းများ (ဗိဒ်အသ်များ) မှ ရှောင်ရှားကြလေကုန်။ ဧကန်မုချ ဗိဒ်အသ်တိုင်းသည် လမ်းမှားပင်ဖြစ်၏။"

[صحيح] - [رواه أبو داود والترمذي] - [الأربعون النووية - 28]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များအား စိတ်နှလုံးများ ကြောက်ရွံ့စေကာ မျက်လုံးများမှမျက်ရည်များ စီးကျစေသည့် ဆုံးမစကားမျိုး မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်၏ ဆုံးမစကားသည် အလွန်ထိရောက်မှုရှိသည်ကို မြင်တွေ့ရသည့်အတွက် ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်သည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်မရှိသည့်အခါ ၎င်းတို့စွဲမြဲစွာလိုက်နာကျင့်သုံးနိုင်ရန်အတွက် မှာတမ်းစကားမိန့်ကြားရန် တောင်းဆိုခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်ဆုံးမတော်မူသည်။ ဤသည် ဖရ်ဿ်ွမလုပ်မနေရတာဝန်များကို လိုက်နာကျင့်သုံးပြီး တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ခိုင်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်‌တော်က ခေါင်းဆောင်၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ အကယ်၍ ကျွန်တစ်ဦးအား သင်တို့အပေါ်၌ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်လျှင် သို့မဟုတ် ၎င်းက သင်တို့အ‌ပေါ် အုပ်ချုပ်လျှင်လည်း အမိန့်ကိုနာခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အနိမ့်ဆုံးအဆင့်ရှိသည့် ကျွန်တစ်ဦးသည် သင်တို့အပေါ်၌ ခေါင်းဆောင်ဖြစ်ခဲ့လျှင်လည်း ဖိသ်နဟ် ပြသနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည့်အတွက်‌ သင်တို့မောက်မာ၍ ရှောင်ဖယ်မနေဘဲ ထိုသူ၏အမိန့်ကိုနာခံရမည်ဖြစ်သည်။ ၎င်းနောက် ဆက်လက်မိန့်ကြားတော် မူသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (ငါကိုယ်တော် မရှိသည့်နောက်) သက်ရှိထင်ရှားရှိနေမည်ဆိုပါက မြောက်မြားစွာသော ကွဲလွဲမှုများကိုမြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်သည် ဤကွဲလွဲမှုများမှ လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တမန်တော်မြတ်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ် စားလှယ်များဖြစ်ကြသော အဗူဗက္ကရ် ဆွိဒ်ဒီက်၊ အုမရ် ဗင်န်ခသ်သွာဗ်၊ အွတ်စ်မာန်ဗင်န် အဖ္ဖာန်၊ အလီဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းတို့ကို အံသွားများဖြင့် ကိုက်ခြင်းဟူသည် စွန္နသ်လမ်းစဥ်ကိုဆုပ်ကိုင်ပြီး လိုက်နာကျင့်သုံးရန် ကြိုးစားခြင်းကိုဆိုလိုသည်။ ထို့ပြင် ကိုယ်တော်သည် သာသနာတွင် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းတော်မူသည် အဘယ့်ကြောင့်ဆိုသော် (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စွန္နသ်ကို ဆုပ်ကိုင်ထားရန်နှင့် စွန္နသ်အပေါ်လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်း ဖေါ်ပြထားသည်။
  2. တရားစကားများနှင့် စိတ်နှလုံးသားများ နူးညံ့ပျော့ပျောင်းခြင်းတို့ကို အလေးထားရမည်။
  3. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကွယ်လွန်ပြီးနောက် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသော ဖြောင့်မတ်မှန်ကန်သည့် ခလီဖဟ်ကြီးများဖြစ်သည့် အဗူဗက္ကရ်၊ အုမရ်၊ အွစ်မာန်၊ အလီ (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို နောက်လိုက်မှုပြုရန် အမိန့်ပေးထားသည်။
  4. သာသနာတွင် တရားသစ်တီထွင်ခြင်းအား တားမြစ်ထားသည်။ ဧကန်မုချ တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။
  5. အလ္လာဟ်အရှင်မြတ်အမိန့်ဖီဆန်သည့်ကိစ္စမှလွဲ၍ အခြားကဏ္ဍများတွင် မုအ်မင်န်တို့၏အရေးကိစ္စများကို တာဝန်ယူဆောင်ရွက်သူ၏ အမိန့်ကိုနာခံရမည်။
  6. အခြေအနေတိုင်း၊ အချိန်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်အပေါ် သက္ကဝါတရားထားရှိရန် အရေးကြီးကြောင်း ဖေါ်ပြထားသည်။
  7. ဤအွမ္မသ်တွင် ကွဲလွဲမှုများ ရှိနေမည်ဖြစ်သည်။ ထိုသို့ကွဲလဲမှုများ ဖြစ်ပေါ်လာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအုရ် ရာရှိဒီးန်တို့၏ စွန္နသ်လမ်းစဉ်ဘက်သို့ ပြန်လှည့်ရမည်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
အမျိုးအစားများ
ထပ်၍