ဟဒီးဆ်တော်များစာရင်း

“ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ မုအ်မင်န် သက်ဝင်ယုံကြည်သူသာလျှင် အန်ဆွာရီတို့ကို ချစ်ခင်သည်။ မုနာဖိက် အရေခြုံမွတ်စ်လင်မ်သာလျှင် ၎င်းတို့ကို မုန်းတီးသည်။ အန်ဆွာရီတို့ကို ချစ်ခင်သူအား အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်
عربي الإنجليزية الأوردية
အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သော မည်သူမျှ ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
عربي الإنجليزية الأوردية
အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။
عربي الإنجليزية الأوردية
- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။
عربي الإنجليزية الأوردية
“သင်တို့အနက် အကောင်းဆုံးသောသူများသည် ငါကိုယ်တော်၏ ခေတ်ကာလ(၌ရှိသောသူများ)ဖြစ်၏။ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သဗအ်သာဗီအီးန်များ ဖြစ်၏)
عربي الإنجليزية الإندونيسية