عن جابر رضي الله عنهما قال: قال رسول الله صلى الله عليه وسلم:
«لن يدخلَ النارَ رجلٌ شَهِد بدرًا والحُدَيْبِيَة».

[صحيح] - [رواه أحمد، وأصله في صحيح مسلم] - [مسند أحمد: 15262]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သော မည်သူမျှ ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ပေ။"

[صحيح] - [رواه أحمد وأصله في صحيح مسلم] - [مسند أحمد - 15262]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟိဂျ်ရီ (၂ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗဒရ်စစ်ပွဲ၌ တမန်တော်နှင့်အတူ တိုက်ခိုက်ရန် ပါဝင်ခဲ့သူများနှင့် ဟိဂျ်ရီ( ၆ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်နှင့် ယင်း၌ဖြစ်ပွါးခဲ့သည့် ဗိုင်အသ်ရိဿ်ွဝါးန် (သစ္စာခံခြင်း) တွင် ပါဝင်ခဲ့သူများသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးစ်တော်တွင် ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သူများ၏ ထူးကဲမွန်မြတ်မှုနှင့် ၎င်းတို့သည် ဂျဟန္နမ်ငရဲသို့ လုံးဝဝင်ရောက်ရမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
  2. အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အတွက် မတရားမှုများမှ အာမခံတော်မူပြီး၊ အီမာန်အပေါ်တွင် သေဆုံးနိုင်ရန် သောင်ဖီးက်စွမ်းအားပေးသနားတော်မူ၏။ ဂျဟန္နမ်ငရဲ၏အပြစ်ဒဏ်ကို မခံစားစေဘဲ ၎င်းတို့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူ၏။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြစ်၏။ အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ၎င်းကို ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် သည် ကြီးကျယ် မြင့်မြတ်သည့် ကျေးဇူးတော်ရှင် ဖြစ်တော်မူသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (38)
ထပ်၍