عن أنس رضي الله عنه، قال:
قال رسول الله صلى الله عليه وسلم لأبي بكر وعمر: «هذان سَيِّدا كُهُول أهل الجنة من الأوَّلِين والآخِرين إلا النبيِّين والمرسلين».
[صحيح] - [رواه الترمذي] - [سنن الترمذي: 3664]
المزيــد ...
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။] - [سنن الترمذي - 3664]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့နှစ်ဦးသည် နဗီတမန်တော်များပြီးနောက် အမြတ်ဆုံးသောလူသားများဖြစ်ပြီး နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် ဂျန္နသ်သို့ ဝင်ရောက်ရမည့်သူများအနက် အကောင်းဆုံးလူသားများ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။