عن أبي سعيد الخدري رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«الحَسَن والحُسَيْن سَيِّدا شَباب أهْل الجنة».
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 3768]
المزيــد ...
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။
"ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။"
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 3768]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ မိမိ၏မြေးတော်နှစ်ပါး၊ အလီ ဗင်န် အဘူသွာလိဗ်နှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်တို့၏သားတော်နှစ်ပါးဖြစ်သည့် ဟစန်နှင့် ဟုစိုင်န် (ရဿွိယလ္လာဟုအန်ဟွမ်) တို့သည် မြင့်မြတ်မှုအားဖြင့် လူငယ်ဘဝ၌ ကွယ်လွန်ပြီး ဂျန္နတ်သို့ ဝင်ရောက်ကြမည့် လူငယ်အားလုံး၏ခေါင်းဆောင်များ သို့မဟုတ် နဗီတမန်တော်များနှင့် ခုလဖာအေရာရှီဒီးန် (တရားလမ်းမှန်ကို လိုက်နာသော ခလီဖဟ်ခေါင်းဆောင်ကြီးများ) မှလွဲ၍ ဂျန္နသ်သုခံဘုံသားများအနက် လူငယ်များ၏ ခေါင်းဆောင်များဖြစ်ကြောင်း မိန့်ကြားခဲ့သည်။