عَن هَانِئ مَوْلَى عُثْمَانَ رَضيَ اللهُ عنهُ قَالَ: كَانَ عُثْمَانُ إِذَا وَقَفَ عَلَى قَبْرٍ بَكَى حَتَّى يَبُلَّ لِحْيَتَهُ، فَقِيلَ لَهُ: تُذْكَرُ الْجَنَّةُ وَالنَّارُ فَلَا تَبْكِي، وَتَبْكِي مِنْ هَذَا؟ فَقَالَ: إِنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«إِنَّ الْقَبْرَ أَوَّلُ مَنْزِلٍ مِنْ مَنَازِلِ الْآخِرَةِ، فَإِنْ نَجَا مِنْهُ فَمَا بَعْدَهُ أَيْسَرُ مِنْهُ، وَإِنْ لَمْ يَنْجُ مِنْهُ فَمَا بَعْدَهُ أَشَدُّ مِنْهُ».

[حسن] - [رواه الترمذي وابن ماجه] - [سنن الترمذي: 2308]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟာနီ (အွတ်စ်မားန် ရဿွိယလ္လာဟုအန်ဟု သူကောင်းပြုထားသည့်ကျွန်) က ပြောပြသည်– အွတ်စ်မားန် ရဿွိယလ္လာဟုအန်ဟုသည် ကဗရ်သင်္ချိုင်းတစ်ခုအနား ရပ်သည့်အခါ မိမိ၏မုတ်ဆိတ်မွေးများ စိုရွှဲသွားသည်အထိ ငိုကြွေးလေ့ရှိသည်။ ထိုအခါ သူ့အား “အသင်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို တင်ပြခြင်းခံရလျှင် (ထိုမျှ) မငိုဘဲ ဤကဗရ်သင်္ချိုင်း(ကိုမြင်ရင်) ငိုရခြင်းမှာ အဘယ့်ကြောင့်နည်း” ဟု မေးခြင်းခံရလေရာ၊ ၎င်းက “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က
‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်းမှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူ‌ကြောင်း ဖြေကြားခဲ့သည်။

[حسن] - [رواه الترمذي وابن ماجه] - [سنن الترمذي - 2308]

ရှင်းလင်းချက်

အမီရွလ်မုအ်မိနီးန် အွတ်စ်မားန်ဗင်န်အတ်ဖ်ဖားန် (ရဿွိယလ္လာဟုအန်ဟု) သည် ကဗရ်သင်္ချိုင်းတစ်ခုအနီး၌ ရပ်သည့်အခါ မိမိ၏မုတ် ဆိတ်မွေးများသည်မျက်ရည်များဖြင့် စိုရွှဲသွားသည်အထိ ငိုကြွေးလေ့ရှိသည်။ထိုအခါ သူ့အား “အသင်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို တင်ပြခြင်းခံရလျှင် ဂျန္နသ်ကို အောက် မေ့တမ်းတစိတ်ဖြင့်လည်းကောင်း၊ ဂျဟန္နမ်ငရဲကို ကြောက်ရွံ့သောစိတ်ဖြင့်လည်း ကောင်း(ထိုမျှ) မငိုဘဲ ဤကဗရ်သင်္ချိုင်း(ကိုမြင်ရင်) ငိုရခြင်းမှာ အဘယ့်ကြောင့်နည်း” ဟု မေးခြင်းခံရလေသည်။ ထိုအခါ ၎င်းက “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသောစခန်းများသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်း၏ အဇားဗ်ပြစ်ဒဏ်မှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသော ပြစ် ဒဏ်သည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူ‌ ကြောင်း ဖြေကြားခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)သည် ဂျန္နသ်၏ သတင်းကောင်းပေးခြင်းခံရသည့်စွဟာဗဟ်များအနက်မှ တစ်ဦးဖြစ်သော် လည်း၊ သူသည် အလ္လာဟ်အရှင်မြတ်အား အဘယ်မျှကြောက်ရွံ့ထိတ်လန့်ကြောင်းကို ဖော်ပြထားခြင်း။
  2. ၂။ ကဗရ်သင်္ချိုင်းတွင်းနှင့် ကိယာမသ်နေ့၏ ကြောက်မက်ဖွယ်ရာအခြေအနေများကို သတိရသောအခါ ငိုကြွေးခွင့်ရှိခြင်း။
  3. ၃။ ကဗရ်တွင်း၌ နိအ်မသ်စည်းစိမ်နှင့် အဇားဗ်ပြစ်ဒဏ်ရှိကြောင်း အတည်ပြုထားခြင်း။
  4. ၄။ ကဗရ်၏အဇားဗ်ပြစ်ဒဏ်မှ ခြိမ်းခြောက်ထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (44)
ထပ်၍