عَنْ ‌أَنَسِ بْنِ مَالِكٍ رَضِيَ اللهُ عَنْهُ:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ افْتَقَدَ ثَابِتَ بْنَ قَيْسٍ، فَقَالَ رَجُلٌ: يَا رَسُولَ اللهِ، أَنَا أَعْلَمُ لَكَ عِلْمَهُ، فَأَتَاهُ فَوَجَدَهُ جَالِسًا فِي بَيْتِهِ، مُنَكِّسًا رَأْسَهُ، فَقَالَ: مَا شَأْنُكَ؟ فَقَالَ شَرٌّ، كَانَ يَرْفَعُ صَوْتَهُ فَوْقَ صَوْتِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَدْ حَبِطَ عَمَلُهُ، وَهُوَ مِنْ أَهْلِ النَّارِ، فَأَتَى الرَّجُلُ فَأَخْبَرَهُ أَنَّهُ قَالَ كَذَا وَكَذَا، فَرَجَعَ الْمَرَّةَ الْآخِرَةَ بِبِشَارَةٍ عَظِيمَةٍ، فَقَالَ: «اذْهَبْ إِلَيْهِ فَقُلْ لَهُ: إِنَّكَ لَسْتَ مِنْ أَهْلِ النَّارِ، وَلَكِنْ مِنْ أَهْلِ الْجَنَّةِ».

[صحيح] - [متفق عليه] - [صحيح البخاري: 3613]
المزيــد ...

အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်အား ရှာမတွေ့ဖြစ်ခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ ရောက်သွားသောအခါ စာဗိသ်သည်ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုတွေ့သဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က (ကျွန်တော့်အခြေအနေသည်)ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ ၎င်းသည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည့်အတွက် မိမိ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားပြီး မိမိသည်ငရဲသားတို့အနက်မှဖြစ်သွားပြီ(ဟုထင်မှတ်ခဲ့ပေသည်။) ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်ထံလာရောက်၍ စာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် ကြီးကျယ်လှသည့်သတင်းကောင်းကို ယူဆောင်ကာ ဒုတိယအကြိမ် ပြန်သွားခဲ့လေသည်။ ကိုယ်တော်က မိန့်ကြားတော်မူလိုက်သည်မှာ- အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3613]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်(ရဿွိယလ္လာဟုအန်ဟု)အား ရှာမတွေ့သဖြင့် သူနှင့် ပတ်သက်၍ မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်၊ သူ‌ပျောက်ကွယ်‌နေရသည့်အကြောင်းကိုလည်း ပြောပြပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ သွားသောအခါ စာဗိသ်သည် မိမိအိမ်၌ စိတ်မကောင်းဖြစ်ကာ ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုမြင်တွေ့ရသဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က မိမိအခြေအနေမှာ ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆာဗိသ်သည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက သူ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားကာ သူကိုယ်တိုင်လည်း ငရဲသားတို့တွင်ပါဝင်သွားကြောင်း အလ္လာဟ်အရှင်မြတ်က သတိပေးခြိမ်းခြောက်ထားသည်။
၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ ဆာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ်က ထိုပုဂ္ဂိုလ်အား စာဗိသ်ထံပြန်သွားကာ သူသည်ငရဲသားတို့အနက်မှမဟုတ်ဘဲ သုခဘုံသားတို့အနက်မှဖြစ်‌ကြောင်းကို သတင်းကောင်းပေးရန် မိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော်စာဗိသ်သည် ပင်ကိုအသံကျယ်သူဖြစ်ပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ခန့်ထားသော မိန့်ခွန်းပြောကြားသူ၊ အန်ဆွာရီတို့ကို မိန့်ခွန်းပြောကြားသူဖြစ်သည်။ ထို့ကြောင့်သာ ကိုယ်တော့်ထက် အသံ ကျယ်သွားရခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စာဗိသ်ဗင်န်ကိုင်းစ်(ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုနှင့် သူသည် ဂျန္နသ်သုခဘုံသားတို့အနက်မှဖြစ်ကြောင်း ဖော်ပြထားသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သာဝကတော်များအပေါ် ဂရုစိုက်တော်မူပြီး မ‌တွေ့လျှင် ရှာဖွေလေ့ရှိကြောင်းသိရသည်။
  3. ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)များသည် မိမိတို့၏ကောင်းမှုများ ပျက်စီးသွားမည်ကို စိုးရိမ်ကြောက်ရွံ့ကြသည်။
  4. ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သက်ရှိထင်ရှားရှိ‌နေစဥ်အခါတွင် ကိုယ်တော်မြတ်နှင့် ရိုသေစွာ စကားပြောဆိုရန် တာဝန်ရှိသကဲ့သို့ကိုယ်တော်မြတ် ကွယ်လွန်သွားပြီးနောက် ကိုယ်တော်မြတ်၏ဟဒီးဆ်‌တော်များကို ကြားနာသောအခါတွင် အသံကျယ်ကျယ်စကားပြောခြင်း မပြုလုပ်ရန် အရေးကြီးသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (59)
ထပ်၍