عَنِ الْبَرَاءِ رضي الله عنه:
عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ فِي الْأَنْصَارِ: «لَا يُحِبُّهُمْ إِلَّا مُؤْمِنٌ، وَلَا يُبْغِضُهُمْ إِلَّا مُنَافِقٌ، مَنْ أَحَبَّهُمْ أَحَبَّهُ اللهُ وَمَنْ أَبْغَضَهُمْ أَبْغَضَهُ اللهُ».

[صحيح] - [متفق عليه] - [صحيح مسلم: 75]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဗရာအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ မုအ်မင်န် သက်ဝင်ယုံကြည်သူသာလျှင် အန်ဆွာရီတို့ကို ချစ်ခင်သည်။ မုနာဖိက် အရေခြုံမွတ်စ်လင်မ်သာလျှင် ၎င်းတို့ကို မုန်းတီးသည်။ အန်ဆွာရီတို့ကို ချစ်ခင်သူအား အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 75]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မဒီနဟ်မြို့သား အန်ဆွာရ်များကို ချစ်ခင်ခြင်းသည် အီမာန်ပြည့်ဝမှု၏ လက္ခဏာပင်ဖြစ်သည်။ ဤသည် ၎င်းတို့အနေဖြင့် အစ္စလာမ် သာသနာနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကို ကူညီရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ခြင်း၊ မွတ်စ်လင်မ်များ ခိုလှုံ‌နေထိုင်နိုင်ရန် ကြိုးစားအားထုတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိတို့၏ အသက်နှင့် ဥစ္စာပစ္စည်းများကို သုံးစွဲလှူဒါန်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့အတူ ၎င်းတို့အား မုန်းတီးခြင်းသည် နိဖာက် အယောင်ဆာင်မှု၏ လက္ခဏာပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အန်ဆွာရီတို့အား ချစ်ခင်သူကို အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် အန်ဆွာရီတို့၏ ကြီးကျယ်လှသည့် အဆင့်အတန်းကို ဖော်ပြထားသည်။ ၎င်းတို့အား ချစ်ခင်ခြင်းသည် အီမာန် ယုံကြည်မှု၏ လက္ခဏာနှင့် နိဖာက် အယောင်ဆာင်မှုမှ ကင်းစင်သည့် လက္ခဏာဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်၏ အချစ်တော်များကို ချစ်ခင်ခြင်း၊ ၎င်းတို့ကို ကူညီခြင်းသည် ကျေးကျွန်အဖို့ အလ္လာဟ်အရှင်မြတ်၏ အချစ်ကိုရရှိရန်အတွက် အကြောင်းခံ တစ်ရပ်ဖြစ်သည်။
  3. အစ္စလာမ်သာသနာတော်၌ ရှေးဦးပထမဖြစ်ခဲ့ကြသောသူများ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (57)
ထပ်၍