عَن زَيْدِ بْنِ خَالِدٍ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ جَهَّزَ غَازِيًا فِي سَبِيلِ اللَّهِ فَقَدْ غَزَا، وَمَنْ خَلَفَ غَازِيًا فِي سَبِيلِ اللَّهِ بِخَيْرٍ فَقَدْ غَزَا».

[صحيح] - [متفق عليه] - [صحيح البخاري: 2843]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဇိုက်ဒ်ဗင်န်ခါလိဒ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်း‌တော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2843]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ (ဂါဇီ) တစ်ဦးအား ၎င်း၏ခရီးစဉ်အတွက် လိုအပ်သော လက်နက်၊ အစီးအနင်း၊ အစားအစာ၊ ခရီးစရိတ်စသည့် အခြေခံလိုအပ်ချက်များကို ပြင်ဆင်ပေးပါက၊ ထိုသူသည်လည်း (ဂါဇီ)၏အဆင့်ကိုရရှိကာ၊ (ဂါဇီ)တစ်ဦးရရှိမည့် အကျိုးကုသိုလ်အား ရရှိမည်။
မည်သူမဆို ဂါဇီ (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ) တစ်ဦး၏ မိသားစုအား သူမရှိသောကာလတွင် ကောင်းစွာစောင့်ရှောက်ပြီး သူ၏ကိုယ်စားရပ်တည်‌ပေးပါက ဤသို့စောင့်ရှောက်ပေးသူသည်လည်း ဂါဇီ(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ)၏ကုသိုလ်ကို ရရှိပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကောင်း‌သောကိစ္စရပ်တိုင်းတွင် အပြန်အလှန်ကူညီကြရန် မွတ်စ်လင်မ်တိုင်းအား တိုက်တွန်းထားသည်။
  2. အိဗ်နုဟဂျရ်(ရဟိမဟုလ္လာဟ်)က ပြောသည်မှာ ဤဟဒီးဆ်တော်သည် မွတ်စ်လင်မ်များအတွက် ကောင်းကျိုးရှိရန်အလုပ်တစ်ခုခုကို လုပ်ဆောင်ပေးသူ၊ သို့မဟုတ် မွတ်စ်လင်မ်တို့၏ အရေးကြီးသောကိစ္စများကို ဆောင်ရွက်ပေးသူအား အကောင်းပြုကြရန် တိုက်တွန်းသည်။
  3. ယေဘုယျ စည်းမျဥ်း။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏အမိန့်နာခံရန်အခြားသူတစ်ဦးအား ကူညီပေးပါက၊ ထိုကူညီသူသည် ယင်းအမိန့်နာခံသူရရှိမည့် အကျိုးဆုလာဘ်နှင့် တူညီသော အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်ပြီး ယင်းအမိန့်နာခံသူသည်လည်း မိမိ၏ရရှိမည့်အကျိုးဆုလာဘ်မှ အနည်းငယ်မျှ လျော့ပါးသွားမည် မဟုတ်ပေ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (52)
ထပ်၍