عَن سَهْلِ بْنِ حُنَيْفٍ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ سَأَلَ اللهَ الشَّهَادَةَ بِصِدْقٍ بَلَّغَهُ اللهُ مَنَازِلَ الشُّهَدَاءِ، وَإِنْ مَاتَ عَلَى فِرَاشِهِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 1909]
المزيــد ...
စုဟိုင်လ်ဗင်န်ဟနီးဖ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ -
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1909]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကျေနပ်ဖိုရန် သီးသန့်ရည်ရွယ်၍အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန်တောင်းဆိုခဲ့ပါက ထိုသူသည် ဂျိဟာဒ်တွင်မပါဝင်ဘဲ မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ၏စစ်မှန်သည့် ရည်စူးချက်ကြောင့် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။