عَنْ أَبِي عَبْسٍ عَبْدُ الرَّحْمَنِ بْنِ جَبْرٍ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا اغْبَرَّتْ قَدَمَا عَبْدٍ فِي سَبِيلِ اللَّهِ فَتَمَسَّهُ النَّارُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 2811]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူအဘတ်စ် အဗ်ဒုရ်ရဟ်မားန် ဗင်န် ဟျဗ်ရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ဗန္ဒဟ်ကျေးကျွန်တစ်ဦး၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ဖုန်ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ၎င်းအား ထိတွေ့နိုင်မည် မဟုတ် တော့ချေ။"

[صحيح] - [رواه البخاري] - [صحيح البخاري - 2811]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သတင်း ကောင်းပေးအပ်တော်မူခဲ့သည်မှာ - အကြင်သူ၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရင်း ဖုန်များ ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ထိုသူအား ထိတွေ့နိုင်မည် မဟုတ်တော့ချေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. (ဤဟဒီးစ်တွင်) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်သူ မုဂျာဟစ်ဒ်အတွက် ငရဲမီးမှ လွတ်မြောက်မည့်အကြောင်း ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဖော်ပြထားသည်။
  2. ဖုန်မှုန့်သည် ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံတတ်သော်လည်း ခြေနှစ်ဖက်ကို အထူးတလည် ဖော်ပြခြင်းမှာ ထိုခေတ်အခါက စစ်တိုက်သည့် မုဂျာဟစ်ဒ်အများစုသည် ခြေလျင်ဖြစ်ကြပြီး ခြေများသည် ဖုန်မှုန့် အမြဲတစေ ကပ်ငြိနေသောကြောင့် ဖြစ်သည်။
  3. အစ်ဗ်နုဟဂျရ်က ဆိုသည်မှာ- ခြေထောက်၌ ဖုန်မှုန့်ကပ်ငြိခြင်းဖြင့်ပင် ငရဲမီးသည် သူ့အတွက် ဟရာမ်ဖြစ်သွားလျှင်၊ ထို့ထက် ပိုမိုကြိုးစားအားထုတ်၍ မိမိတစ်စွမ်းသမျှ တိုက်ပွဲ၌ ပါဝင်သူအတွက်မူ အဘယ်မျှလောက် ကြီးကျယ်မြင့်မြတ်မှု ရှိမည်နည်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (50)
ထပ်၍