عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْ قَوْمٍ يَقُومُونَ مِنْ مَجْلِسٍ لَا يَذْكُرُونَ اللَّهَ فِيهِ إِلَّا قَامُوا عَنْ مِثْلِ جِيفَةِ حِمَارٍ، وَكَانَ لَهُمْ حَسْرَةً».

[صحيح] - [رواه أبو داود] - [سنن أبي داود: 4855]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုမှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော မြည်းအသေတစ်ကောင်အနားမှ ထသွားသကဲ့သို့ပင် ဖြစ်၏။ ထိုသို့သော မဂ်ျလိစ်(ထိုင်ဝိုင်း)သည် ကိယာမတ်နေ့တွင် ၎င်းတို့အပေါ်၌ ဝမ်းနည်းဖွယ် (နောင်တရဖွယ်) အကြောင်းတစ်ရပ် ဖြစ်လိမ့်မည်။”

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 4855]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင်ထိုင်မည်။ ထို့နောက် ထိုမဂ်ျလိစ်မှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော၊ အနံ့ဆိုးထွက်နေသော မြည်းအသေကောင်တစ်ကောင်အနားတွင် စုဝေးနေရာမှ ထလာသူများကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမှ မေ့လျော့ပြီး အခြားစကားများဖြင့် အချိန်ကုန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော မဂ်ျလိစ် ( ထိုင်ဝိုင်း ) သည် ကိယာမတ်နေ့တွင် ၎င်းတို့အတွက် ဝမ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း၊ ရှက်ရွံ့နောင်တရခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်ပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသမှုမှ မေ့လျော့ခြင်းအား သတိပေးချက်သည် မဂ်ျလိစ်ထိုင်ဝိုင်းများတွင်သာမက အခြားနေရာများတွင်လည်း သက်ရောက်မှုရှိသည်။ အိမာမ်နဝဝီက ဆိုသည်မှာ - "မည်သူမဆို နေရာတစ်ခုတွင် ထိုင်နေလျှင် ထိုနေရာကို အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ စွန့်ခွာခြင်းသည် မက်ရူဟ် (မနှစ်မြို့ဖွယ်ကိစ္စရပ် )ဖြစ်သည်။"
  2. ကိယာမတ်နေ့တွင် ၎င်းတို့ခံစားရမည့် နောင်တရစရာ ဆုံးရှုံးမှုသည် နှစ်မျိုးရှိနိုင်သည် - တစ်မျိုးမှာ အချိန်ကို အလ္လာဟ်အရှင်မြတ်၏ နာခံမှုတွင် အသုံးမချခြင်းကြောင့် အကျိုးဆုလာဘ်များ ဆုံးရှုံးခြင်း ကြောင့် ရရှိမည့်နောင်တဖြစ်ပြီး၊ နောက်တစ်မျိုးမှာ အချိန်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖီဆန်မှုတွင် ကုန်ဆုံးခြင်းကြောင့် အပြစ်ထိုက်ခြင်းနှင့် အပြစ်ဒဏ်ခံရခြင်းတို့ကြောင့် ရရှိမည့်နောင်တဖြစ်သည်။
  3. သာမန်ခွင့်ပြုထားသော အမှုကိစ္စများတွင် အချိန်ကုန်နေပြီး (အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသမှုမှ) မေ့လျော့နေခြင်းအတွက်ပင် ဤသို့ သတိပေးချက်ရှိလျှင်၊ အတင်းပြောခြင်း၊ ကုန်းတိုက်ကုန်းချောပြုလုပ်ခြင်း စသည့် တားမြစ်ထားသောအရာများ ပါဝင်သည့် မဂ်ျလိစ်ထိုင်ဝိုင်းများ၏ အခြေအနေကား အဘယ်မျှ ဆိုးဝါးလိမ့်မည်နည်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (47)
ထပ်၍