عَنْ أَبِي مُسْلِمٍ الْخَوْلَانِيِّ، قَالَ: حَدَّثَنِي الْحَبِيبُ الْأَمِينُ، أَمَّا هُوَ فَحَبِيبٌ إِلَيَّ، وَأَمَّا هُوَ عِنْدِي فَأَمِينٌ، عَوْفُ بْنُ مَالِكٍ الْأَشْجَعِيُّ رضي الله عنه قَالَ:
كُنَّا عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، تِسْعَةً أَوْ ثَمَانِيَةً أَوْ سَبْعَةً، فَقَالَ: «أَلَا تُبَايِعُونَ رَسُولَ اللهِ؟» وَكُنَّا حَدِيثَ عَهْدٍ بِبَيْعَةٍ، فَقُلْنَا: قَدْ بَايَعْنَاكَ يَا رَسُولَ اللهِ، ثُمَّ قَالَ: «أَلَا تُبَايِعُونَ رَسُولَ اللهِ؟» فَقُلْنَا: قَدْ بَايَعْنَاكَ يَا رَسُولَ اللهِ، ثُمَّ قَالَ: «أَلَا تُبَايِعُونَ رَسُولَ اللهِ؟» قَالَ: فَبَسَطْنَا أَيْدِيَنَا وَقُلْنَا: قَدْ بَايَعْنَاكَ يَا رَسُولَ اللهِ، فَعَلَامَ نُبَايِعُكَ؟ قَالَ: «عَلَى أَنْ تَعْبُدُوا اللهَ وَلَا تُشْرِكُوا بِهِ شَيْئًا، وَالصَّلَوَاتِ الْخَمْسِ، وَتُطِيعُوا -وَأَسَرَّ كَلِمَةً خَفِيَّةً- وَلَا تَسْأَلُوا النَّاسَ شَيْئًا» فَلَقَدْ رَأَيْتُ بَعْضَ أُولَئِكَ النَّفَرِ يَسْقُطُ سَوْطُ أَحَدِهِمْ، فَمَا يَسْأَلُ أَحَدًا يُنَاوِلُهُ إِيَّاهُ.
المزيد
အဗူမွတ်စ်လင်မ် ခေါင်လာနီက ဆင့်ပြန်ပြောကြားခဲ့သည်။ ချစ်ခင်ရပြီး ယုံကြည်ရသူတစ်ဦးက ကျွန်ုပ်အား ဆင့်ပြန်ခဲ့သည်။ ထိုသူမှာ ကျွန်ုပ်ချစ်ခင်ရသူနှင့် ကျွန်ုပ်ယုံကြည်ရသူဖြစ်သည့် အောင်ဖ် ဗင်န် မာလိက် အလ်အရှ်ဂျအီရ် (ရဿွိယလ္လာဟုအန်ဟု)ဖြစ်ပြီး ၎င်းက ပြောကြားခဲ့သည်မှာ
ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ရှိနေကြသည်။ ကျွန်တော်တို့သည် လူကိုးဦး သို့မဟုတ် ရှစ်ဦး သို့မဟုတ် ခုနစ်ဦးခန့် ရှိသည်။ ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့သည် မကြာမီကပင် ကတိသစ္စာပြုခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်တို့သည် လက်များကို ဆန့်လိုက်ကြပြီး အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည် မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန်၊ (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြရန် တို့ဖြစ်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုအဖွဲ့တွင် ပါဝင်သူအချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း ၎င်းအား ကောက်ပေးရန် မည်သူ့ကိုမျှ တောင်းဆိုခြင်းမပြုပေ။